Part-2

1K 31 4
                                    


အတူမနေချင်လို့ ပြောင်းလာခဲ့ပေမဲ့ ခံစားချက်တွေကတော့ မကွာခြားသွားပါ။ စာထဲအာရုံစိုက်လို့မရအောင် ရင်ထဲအပြည့် ဝမ်းနည်းနာကျင်မှုတွေက မျက်ရည်အဖြစ်သာ တန်ပြန်သက်ရောက်လျက်ရှိ၏။

"လုံမေ စာသင်ချိန်ရောက်ပြီလေ သွားရအောင် "

အခန်းထဲမှ ဝင့်ဝါနဲ့အတူ စာအုပ်ပိုက်ပြီး ထွက်လာခဲ့သည်။ မစိုမခြောက်မျက်ရည်တွေက ပါးပြင်ပေါ်တင်ကျန်နေဆဲဖြစ်ပြီး သုတ်ဖို့လည်းမရည်ရွယ်ခဲ့တော့ပါ။

ဖေဖေ့ကြောင့် ဝမ်းနည်းခဲ့ရပြီး အပစ်ပယ်ခံရသူလိုခံစားနေရသည်။ စာကို အလေးမထားတော့တာလည်း ကြာခဲ့ပြီဖြစ်သည်။ အခုတော့ စိတ်ကိုဒုန်းဒုန်းချပြီး စာကိုသာ အာရုံထားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါမှ မြန်မာပြည်က မြန်မြန်ထွက်သွားရမှာ.....

******

" မမ "

"ဟင် "

ထူးလိုက်တာမဟုတ်တဲ့ အာမေဋိတ်သံနဲ့ ချာခနဲလှည့်ကြည့်မိသည်။

"ဖေဖေ လာပေးခိုင်းလို့ မောင်လေးလာပေးတာ ....ကြီးချိုလည်းပါတယ် "

အိတ်ကို လက်ကလေးနှစ်ဖက်နှင့်ကိုင်ကာ တကမ်းကမ်းလုပ်နေသော ကောင်လေးကိုကြည့်ပြီး လက်ကိုလွှဲရိုက်လိုက်သည်။ ပြုတ်ကျသွားသောအိတ်တွင် ပိုက်ဆံအထပ်လိုက် ထွက်ကြလာပြီး ပြန့်ကျဲသွားလေသည်။

"အဟွန်း"

နှုတ်ခမ်းကို ချဉ်ချဉ်တူးတူးမဲ့ပြီး လှည့်ထွက်သည်။
ငွေပေးတာနဲ့ ဝမ်းသားအားရလက်ခံမယ်လို့များ ဖေဖေတွေးထားလေသလား...၊လုံမေ့အတွက် ဒါတွေမလိုအပ်တာ ဖေဖေသိလောက်မှာပါ။

ဒေါ်အိချို လုံမေ့လက်ကို အမိအရဆွဲပြီး တား၏။
နှုတ်ခမ်းလေးက မဲ့နေပေမယ့် မျက်လုံးလေးတွေကတော့ အရည်လဲ့နေလေသည်။ ငယ်စဉ်ကတည်းက ထိန်းကျောင်းခဲ့ရတဲ့ကလေးကို ဒီလိုပုံစံတွေနဲ့ မမြင်စေချင်ပါ။

"နေပါဦးလုံမလေးရယ် ကြီးချိုပြောပါရစေ ....သူဌေးက သြဇီကို အလုပ်ကိစ္စနဲ့ သွားတာ ကြာပါပြီ ၊အခု ကြီးချိုတို့ရောက်လာတာကလည်း စာမေးပွဲရက်တွေမှာ လုံမလေး လိုတာရှိရင်ဝယ်ဖို့  အဲ့...ဒါကြောင့် အဆင်ပြေအောင်လို့ပါကွယ် ၊ သူဌေးကိုစိတ်မဆိုးပါနဲ့ "

မင်းသိခဲ့ဖို့ကောင်းတယ်Where stories live. Discover now