Part-8

705 37 3
                                    


" ငါ့ဘက်မှာငါတောင်မရှိ ... နင့်ဘက်မှာအကုန်ရပ်တည် ခက်ပြီ ... ဇာတ်သိမ်းခန်းလေးအထိ စောင့်ကြည့်လိုက်မယ်  ၊ အားလုံးကိုငါမုန်းသည် ... မင်းတစ်ယောက်ကလွဲပြီး နတ္ထိ အရာအားလုံး ဗလာနတ္ထိ ..."

ကန့်လန့်ကာစတွေ တလွင့်လွင့်ဖြစ်အောင် တိုက်ခတ်နေတဲ့လေပြည်တွေကတဆင့် သာယာငြိမ့်ညောင်းတဲ့ဂီသသံကိုကြားနေရသည်။ နားဝင်မဆိုးတဲ့သီချင်းညည်းသံကြောင့်လည်း လုံမေ နားစွင့်နေမိ၏။ ဒီအချိန် ဂစ်တာတစ်လက်နဲ့ ဘယ်သူသီချင်းဆိုနေပါလိမ့် ... ၊ အမှောင်ထုမှာ အခန်းမီးရောင်ဟပ်နေတာလေးနဲ့ပဲ ပတ်ဝန်းကျင်ကို မြင်ရမလားလိုက်ကြည့်သည်။ တစ်ဖက်ခြံကဖြစ်နိုင်မလား ... ခြံချင်းကပ်ရပ်ပြီး ဆောက်ထားတာမဟုတ်လို့ ဒါလည်းမဖြစ်နိုင်။ ဖြစ်နိုင်တာက ...

"ဂြိုလ်ကောင် ! "

တ လိုက်မိသွားနဲ့အတူ ကြားနေတဲ့သံစဉ်က နားထဲခါးသွားသည်။ ချက်ချင်း မျက်နှာပျက်ယွင်းသွားရကာ တံခါးကိုအမြန်လေးပိတ်ပစ်လိုက်၏။ အေးအေးလူလူလေညင်းခံနေရာက ခုတင်ပေါ်သွားဝင်လှဲလိုက်တော့သည်။ ဒါတောင် နားထဲကိုအသံတွေဝင်လာသေးသည်။ ဒီကောင်လေး သီချင်းဆိုတာ ဘာလို့ အခန်းထဲကအတိုင်းသားကြားနေရတာလဲ ... အနောက်ကဂိုထောင်ကမြင့်လို့ အသံတွေဒီအထိကြားရတာပဲဖြစ်မည်။ အပေါ်ထပ်ခိုးမှာ အိပ်တယ်ထင်ပါ့ ။ စိတ်ညစ်လိုက်တာ ... ဘယ်လိုလုပ်အသံတွေရပ်ခိုင်းရမလဲမသိ။ နားနှစ်ဖက်ကိုခေါင်းအုံးနဲ့ပိတ်ထားရင်း ကြာလာတော့ အိပ်ပျော်ခြင်းသို့ရောက်သွားတော့သည်။

ဂစ်တာကို နံရံမှာထောင်လိုက်ပြီး အိပ်ခါနီးအပေါ့အပါးသွားဖို့ ထရပ်လိုက်သည်။ ပြတင်းမှန်ကတဆင့် ပတ်ဝန်းကျင်ကိုအသာကြည့်မိသည်။ ဖေဖေနဲ့အတူ ပစ္စည်းရှာဖို့ရောက်လာတိုင်း ဖေဖေက ခု သူခြေချရာနေရာမှာရပ်ပြီး "ဟိုကလှမ်းမြင်ရတဲ့အခန်းက သားမမအခန်းပေါ့ " ဟု ခပ်ဆွေးဆွေးခပ်လေးလေးပြောပြတတ်သည်။ ဒါ့ကြောင့်လည်း မီးလင်းနေဆဲအခန်းဟာ မမအခန်းမှန်း သူသိနေခဲ့သည်။ ထရပ်ကြည့်မှမြင်ရတဲ့မြင်ကွင်းမို့ ကြည့်မိတယ်လည်းမရှိပါ။ မမအကြောင်းတွေးမိမှ တစ်ခါတစ်ခါလှမ်းကြည့်မိတာပဲရှိသည်။  ဒေါသမင်းသမီးနဲ့ အကြည့်လည်းမဆုံရဲ ၊ သူ့ကိုကြည့်နေတယ်လို့လည်း အထင်မခံဝံ့ပါ။ ကြောက်အားပိုလွန်းလို့ ....

မင်းသိခဲ့ဖို့ကောင်းတယ်حيث تعيش القصص. اكتشف الآن