Part-7

404 31 2
                                    

"ကြီးချို ... မမကိုကြည့်ရတာ အထီးကျန်ဆန်နေသလိုပဲနော် သူဒါကိုဖုံးကွယ်ဖို့ ကြိုးစားနေတာနဲ့တူတယ်လို့ ကျွန်တော်မြင်တယ် "

ခြံထဲတွင် စာအုပ်တစ်အုပ်နှင့်အေးလူစွာထိုင်နေတော့လည်း မမက သာမန်မိန်းကလေးလိုသာ။ မောက်မာရင့်သီးပြီး ရန်လိုတတ်သူရယ်လို့ ထင်ရက်စရာမရှိ။ စာအုပ်ထဲတွင် ရယ်စရာတွေများ ပါသလားမသိ... တစ်ခါတစ်ခါပြုံးလိုက်တိုင်း လွန်စွာကြည့်ကောင်းနေ၏။
သို့သော် ချက်ချင်းပင်တည်ကျသွားတာကိုတော့ သူ ဘဝင်မကျ။

ကြီးချိုနှင့်အတူ ခပ်လှမ်းလှမ်းမှနေ၍ မျှော်ကြည့်နေရင်း တွေးတွေးစစပြောလိုက်မိတာဖြစ်သည်။

"မှန်တာပေါ့သားရယ် ... လုံမလေးက အရင် ဒီလိုမှမဟုတ်တာပဲ ၊ အင်း...နုငယ်တော့လည်း လောကဓံကို မခံစားနိုင်ဘူးဖြစ်သွားတာပေါ့ကွယ်၊ မဒေဝီကလည်းပြောတယ် ...လုံမလေးက သူ့ဘာသာတစ်ယောက်တည်းအနေများတယ်တဲ့ စကားပြောမိပြန်ရင်လည်း ချေငံမှုနည်းတယ် အရွဲ့တိုက်တာများတယ်တဲ့ ၊
သူ့ရင်ထဲကနာကျင်မှုတွေကြောင့် တစ်လောကလုံးကို အရွဲ့တိုက်နေတာဖြစ်နိုင်တယ် ...၊ သားလည်းမင်းမမပြောတာဆိုတာတွေကို သည်းခံနော်သား"

"ဟုတ်ကဲ့ပါ ... သား မမကို စာနာမိပါတယ် ၊ ဒီတစ်လောကလုံးမှာ သူတစ်ယောက်တည်းရှိတယ်ဆိုတဲ့အစွဲကိုလည်း ချွတ်မှဖြစ်မယ်နဲ့တူတယ်ကြီးချို "

"အစွဲကြီးရင်ချွတ်ဖို့ခက်တယ်သား...
ငယ်ငယ်ကဆို အဖေအမေတွေနဲ့လက်ပွန်းတတီးရှိခဲ့တဲ့ကလေးက သူဋ္ဌေးနောက်အိမ်ထောင်လည်းပြုတယ်ဆိုရော သူဋ္ဌေးကတော်က သူဋ္ဌေးအနား ကလေးကိုအကပ်မခံခိုင်းတော့ဘူး ...၊
ကြီးချိုရယ် မောင်တီနဲ့မောင်ထွန်းတို့ ညီအစ်ကိုရယ်ပဲ လုံမလေးနဲ့အတူ အဖော်လုပ်ပေးခဲ့ရတယ် ... ၊ နောက် သားလည်းရောက်လာရော အရာရာပိုဆိုးသွားတော့တာပေါ့ "

လုလင် ခေါင်းတဆတ်ဆတ်နှင့်နားထောင်ရင်း မမရဲ့ရင်ထဲ ကိုယ်စားဝင်ကြည့်မိသည်။ မွန်းကြပ်မှုတွေ ဝမ်းနည်းမှုတွေ အထီးကျန်မှုတွေသာ ခံစားလိုက်ရ၍ ပြန်ရုန်းထွက်လာခဲ့ရတော့သည်။ သူတောင် မခံစားနိုင်ရင် နုနုယ်တဲ့သူမက ဘယ်လိုရင်ဘတ်ကြီးနဲ့ ခံစားနေခဲ့သလဲ။ စိတ်ထွက်ပေါက်အဖြစ် လူတိုင်းကိုအော်ဟစ်ပြောဆိုပြီး စိတ်ဖြေဖျောက်နေခဲ့တာလား...။ ဒါသာအမှန်ဆို သူမရဲ့စိတ်ထွက်ပေါက်ဟာ လမ်းမှားကြီးဖြစ်နေပြီး လမ်းမှန်ရောက်ဖို့ တည့်မတ်ပေးရမည့်တာဝန် မိမိတွင်သာ ရှိချေသည်ဟုသဘောပိုက်ကာ သူမထံမှအကြည့်တို့လွှဲကာ အိမ်ထဲဝင်သွားလိုက်တော့သည်။

မင်းသိခဲ့ဖို့ကောင်းတယ်Where stories live. Discover now