Part-5

518 38 3
                                    


ရက်လည်အပြီး တစ်လပြည့်မှ ဒေါ်ဒေဝီတို့ပြန်ရောက်လာကြသည်။ နေ့တိုင်းလည်း ဖေဖေ့နာရေးသတင်းတွေကြားချင်၍ ဖုန်းစောင့်နေရပါသော်လည်း တီလေးရော လေးလေးရော လုံမေ့ထံဖုန်းမဆက်ကြ။ ယခင်က ဖေဖေ့အကြောင်းပြောပြီဆို ခါးခါးသီးသီးဖြစ်တတ်လွန်းတော့ အခုလည်း သည်အတိုင်းဖြစ်မည်အထင်နှင့် မဆက်ကြတာဖြစ်ပါလိမ့်မည်။ ဖခင်တစ်ဦးရဲ့ နောက်ဆုံးခရီးဆိုတော့လည်း လုံမေ ဝမ်းနည်းဆွေးမြေ့စွာ ခံစားနေရပြီး လွမ်းသလိုလိုခံစားချက်က ယခုမှ ကောက်ခါငင်ကာ ပေါ်လာတာဖြစ်သည်။

ဟိုးတုန်းကတော့ သတိရရမှန်း လွမ်းရကောင်းမှန်း လုံးလုံးမသိခဲ့တာအမှန်ပင်။ နောင်တမရဘူးရယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း နောင်တတော့မရ။ သို့သော် သတင်းလေးတော့ကြားချင်သည်။ ဘယ်အချိန် ဘယ်မှာ သင်္ဂြိုဟ်တယ် ဆိုတာလောက်ပါပဲ...။

တီလေး ပြန်ရောက်ရောက်ချင်း လုံမေ့အခန်းထဲဝင်လာသည်။ လုံမေ့မျက်နှာကဲကို တစ်ချက်ကြည့်ပြီး

"ဝမ်းသာစရာလား ဝမ်းနည်းစရာလားတော့ တီလေးလည်းမပြောတတ်ဘူးသမီး...
မောင်တော်ဝင်လုလင်က ကိုမြတ်သူရဲ့သားအရင်းမဟုတ်ဘူးဆိုတာ နောက်ဆုံးသူမဆုံးခင်ပြောပြခဲ့တယ်တဲ့လေ ...၊ ဒီတော့ သမီးအဖေ နောက်အိမ်ထောင်ထူခဲ့တာက မမအပေါ်သစ္စာဖောက်တာမျိုးမဟုတ်ဘဲ တစ်ဖက်မိန်းကလေးရဲ့သိက္ခာကိုဆယ်လိုက်တာတဲ့..."

"အဟက် ... ဒီအကြောင်းက ဝမ်းသာစရာဖြစ်မယ်လို့ တီလေးဘာကြောင့် ထည့်ပြောရတာလဲ ... ၊ သားအရင်းမဟုတ်တဲ့သူအတွက် သမီးအရင်းဖြစ်တဲ့လုံမေ့ကို ပစ်ပယ်ထားခဲ့တာ ... ပိုပြီးနာကျည်းဖ်ို့မကောင်းဘူးလား ပြောပါဦးတီလေး ... ၊ဟား... ဖေဖေ လုံမေ့ကိုမချစ်တာ ပိုသေချာသွားတာပေါ့ "

"မဟုတ်ဘူးသမီး ... သူက အားလုံးအဆင်ပြေပြေဖြစ်မယ်ထင်ခဲ့တာပါ၊ ရွှေကျော့ဆိုတဲ့မိန်းကလေးရဲ့ဂုဏ်သိက္ခာကို သူသေဆုံးသွားတဲ့အထိ ကာကွယ်ပေးချင်တာ လူသားဆန်တဲ့လုပ်ရပ်ပါလုံမေရယ် ၊ သမီးမေမေလည်းသိပါတယ် ...လက်မခံနိုင်ဖြစ်ခဲ့တာပါ ၊ ကိုမြတ်သူရဲ့စာရိတ္တကို မမ,မယုံခဲ့လို့ မမလည်းအဲ့ဒီစိတ်နဲ့ဆုံးခဲ့ရတာ...
သမီးကိုတော့ သူယုံကြည်ခဲ့တာ ...၊ မအေလိုမဟုတ်ဘူးထင်ခဲ့လို့ မပြောမဆိုခေါ်လာမိတာပဲ ၊ အဲ့ဒီမှာ အစီအစဉ်တွေလွဲပြီး မိသားစုပြိုကွဲရတာပါသမီးရယ် ... ၊ကိုမြတ်သူက သမီးကိုသိပ်ချစ်တာ အစစအရာရာလည်း သူကလိုက်စီစဉ်ပေးခဲ့သလို သမီးစိတ်ဆင်းရဲမှာဆိုးလို့ အဝေးမှာပဲနေပြီး မျက်ရည်ကျဝမ်းနည်းနေရတဲ့သူပါကွယ် ... အားလုံး တီလေးတို့အသိပါ "

မင်းသိခဲ့ဖို့ကောင်းတယ်Where stories live. Discover now