CHAPTER 1|U+Z

238 19 0
                                    

လူတစ်ယောက်မှာလေ ဆယ်ကျော်သက်အရွယ်တုန်းက တစ်ဖက်သတ်ချစ်ရတဲ့ လူတစ်ယောက်တော့ ရှိခဲ့ဖူးကြတာချည်းပဲ။ဒီလိုပဲ ဒီဂရီမိုင်းနပ် ဆိုတဲ့ သူ့ဆီမှာလည်း တိတ်တိတ်ကလေးသဘောကျရတဲ့ လူသားတစ်ယောက်ရှိခဲ့တယ်။

ကောင်လေးတစ်ယောက်။သိပ်ကို ချစ်ဖို့ကောင်းတဲ့ ဖြစ်တည်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ အထက်တန်းစီနီယာလေး။ပါးချိုင့်တွေရှိတယ်။ပယင်းရောင် မျက်ဝန်းအိမ် တောက်တောက်လေးနဲ့ မျက်ဝန်းအောက်က မှဲ့နက်လေးဟာ အကြိမ်ကြိမ် ခုန်ချမိတဲ့ အကြောင်းပြချက်လေး။

ခြေတံသွယ်သွယ်လေးနဲ့ ထင်းထွက်နေတဲ့ ကျောင်းဝတ်စုံအဖြူလေးဟာ ချစ်ရသူနဲ့မှ လိုက်ဖက်နေတာမျိုး။လက်တံရှည်တွေနဲ့ ဘက်စကတ်ဘော ဘောလုံးကို ထိတွေ့လိုက်ရင် ပင့်သက်ရှိုက်သံတွေနဲ့ ရင်ခုန်နေရသူက ဒီဂရီမိုင်းနပ်ဆိုတဲ့ သူကိုယ်တိုင်ပင်။

ထို အမျိုးသား၏ အမည်နာမဟာ သဘာဝတရားတွေနဲ့ အလွန်ပနံတင့်ပြီး ဒီဂရီမိုင်းနပ်အတွက် ‌တန်ဖိုးဖြတ်မရတဲ့ ကောင်းချီးလေးတစ်ခုပင်။နူးညံ့မှုတွေနဲ့ သန်မာမှုတွေ ဒွန်တွဲနေတဲ့ ဒီဂရီမိုင်းနပ်အပိုင် အထက်တန်းစီနီယာလေး၏ နာမည်က ချစ်...သော...စည်းတဲ့။

သိပ်လှတဲ့ နာမည်ဖွဲ့စည်းပုံကြောင့် ဒီဂရီ့မှာ အရူးအမူး။နာမည်လေးကို စသိတဲ့နေ့မှာ ပျော်လွန်းလို့ ခြေထောက်တွေတောင် လေပေါ်ကို မြှောက်သွားရတဲ့အဖြစ်။အပြုံးခပ်ရေးရေးနှင့် ပါးချိုင့်တွေ အသက်ဝင်နေတဲ့ သူ့အပိုင်လေးဟာ တစ်ကျောင်းလုံးက သဘောကျတဲ့ ‌နှင်းဆီခိုင်လေး။

ဒီဂရီမိုင်းနပ်ကရော...။သူကတော့ အထက်တန်း ပထမနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ တော်ဝင်အိမ်တော်ရဲ့ ‌မျိုးဆက်တစ်ယောက်ဖြစ်တယ်။သူ့နောက်မှာ တကောက်ကောက်လိုက်နေတဲ့ အသက်ကြီးကြီး ‌အထိန်းတော်တစ်ယောက်ရှိပြီး သူ့ထက်သုံးနှစ်ငယ်တဲ့ အရမ်းခေါင်းမာတဲ့ ညီငယ်လေး တစ်ယောက်ရှိတယ်။

ပင်လယ်ပြာရောင်မျက်ဝန်းတွေရှိပြီး ဗြိတိသျှမြန်မာ ကပြားဖြစ်တဲ့သူဟာ ‌ကျောင်းမှာ နာမည်ကြီးတဲ့အထဲမှာပါတယ်။ဒါ‌ပေမယ့် ဒီအတိုင်း အေးစက်စက်နဲ့ နေရာတကာကို ပါဝင်ရတာ မကြိုက်တဲ့သူမို့ ကိုယ့်ဦးတည်ချက်ကိုပဲ ဦးစားပေးလေ့ရှိတယ်။

𝐎𝐧𝐥𝐲 𝐌𝐢𝐧𝐞Where stories live. Discover now