ကျောင်းရှေ့မျက်နှာစာနှင့် အတန်ငယ်ဝေးသည့် ရေပန်းနားက ထိုင်ခုံမှာ ထိုင်ရင်း ဒီဂရီမိုင်းနပ် ပုံဆွဲစာအုပ်ကို ထုတ်လိုက်မိသည်။ဒီနေရာကနေ ဟိုးအပေါ်ဆုံးထပ်ကို လှမ်းကြည့်ရင် ချစ်သောစည်းကို တွေ့နေကြ။သူအမြဲတမ်း ဒီနေရာမှာ ထိုင်ပြီး နေ့တိုင်းပင် မျက်လှလှလှလေးကို ကြည့်တက်သည်။
ဒီနေ့မှ အရိပ်အယောင်တောင် မမြင်ရတာ သိပ်ဆိုးတယ်မလား။ကောင်မလေး အချို့ပေးတဲ့ နှင်းဆီပန်းအချို့နှင့် သကြားလုံးတွေကို ဘေးဘက်မှာ ချထားရင်း အဆောက်အဦးအပေါ်ဘက်ကို မျက်တောင် မခတ်တမ်းငေးကြည့်နေမိသည်။ဒီနေ့ ချစ်သောစည်း ကျောင်းမလာဘူးလား။
[မင်းဆီကို မင်းအချစ်လေး လာနေတာတွေ့တယ်]
ဖုန်းမျက်နှာပြင်မှာ ပေါ်လာသည့် စာလုံးအချို့ကြောင့် ဒီဂရီမိုင်းနပ်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။ကျောက်ရုပ်တစ်ခုလို မလှုပ်မယှက်။သူဘေးဘီဝဲယာကို မလုံမလဲ လှည့်ကြည့်ကာ ချက်ချင်းဆိုသလိုပင် စာပြန်လိုက်သည်။ဒီအချိန်ကျမှ ကျောင်းလာတာက စည်းကမ်းချိုးဖောက်တာပဲ။
[ရူးနေတာလား သူက ဒီအချိန်ကျောင်းလာရင် ဒဏ်ပေးခံရမှာပေါ့]
[ဒဏ်ပေးမခံရလို့ မင်းဘေးရောက်တော့မယ်။မသိမသာ နေ၊ငါက မင်းအနောက်ဘက်က ဂါဇီဘိုမှာမို့ အကုန်လုံးကို မြင်နေရတာ]
ဒီဂရီ ထိုစာလေးကြောင့် ရင်တုန်သွားရတာ အမှန်ပင်။ချစ်ရသူက သူ့ဘေးကို ရောက်လာတော့မည့် အခိုက်အတန့် သိပ်ကို ရူးလောက်ဖွယ်ကောင်းလှသည်။ဆယ့်နှစ်ရာသီပန်း ဝါဝါလေးတွေ ပွင့်တဲ့ အပင်တွေ စီတန်းနေသည့် လမ်းတစ်လျှောက်ဟာ အဝါရောင် အငွေ့အသက်တို့ ဖုံးလွှမ်းနေပါ၏။
ထို့ကြောင့် ဒီဂရီ မတ်တပ်ထရပ်လိုက်ရင်း လက်ထဲက ပန်းချီစာအုပ်ကို မတော်တဆသဖွယ် လွတ်ချပစ်လိုက်သည်။ပန်းချီစာအုပ်လေးဟာ အပြစ်မရှိစွာပင် လမ်းပေါ်မှာ။မသိစိတ်က အပြစ်ရှိသလို ခံစားရပေမယ့် ပန်းချီစာအုပ်ဟာ ဒီအတိုင်း သက်မဲ့လေး မဟုတ်ပါလား။ဒီအတိုင်း သူတို့နှစ်ယောက်ကို ကူညီပေးတယ်လို့ ယူဆလိုက်မယ်။