CHAPTER 8|U+Z

78 9 0
                                    

ပြတင်းပေါက် အပြင်ဘက်ကနေ ဝင်ရောက်လာတဲ့ နေရောင်ခြည်ဟာ ချစ်သောစည်းရဲ့ မျက်နှာလှလှလေးပေါ်မှာ ဖြာကျနေတယ်။နေရောင်ထိနေတဲ့ မျက်နှာအစိတ်အပိုင်း တစ်ခုလုံးက ကြည်လင်နေပြီး ဆံနွယ်သွဲ့သွဲ့ဟာ လေပြေလေးကြောင့် ခပ်ယဲ့ယဲ့။

သာမန်ဖြစ်နေတဲ့ ပယင်းညို‌ရောင် မျက်ဝန်းတွေတောင် အဖိုးတန်ကျောက်မျက်တစ်ခုလို တလက်လက်။တွေတွေလေး ငေးကြည့်နေမိခြင်းဟာ သူ့အတွက် သီးသန့်အချိန်တွေပင် ဖြစ်သည်။သူ ဒီမျက်နှာလှလှလေးကို နေထွက်နေဝင် တစိမ့်စိမ့် ထိုင်ကြည့်နေနိုင်ပါရဲ့။

ပန်းချီဆွဲနေတဲ့ လူတွေကို ဒီဂရီမိုင်းနပ် သတိမပြုမိ။အရှေ့မှာ ရှိနေတဲ့ အသက်ဝင်နေသော လူတစ်ယောက်ကိုသာ သူငေးကြည့်နေမိသည်။သူ့လက်ရာဟာ တစ်နေ့တစ်ခြား ပိုပြီးတော့ ကောင်းမွန်လာတာပဲ။ဒါကလည်း အချစ်ကနေ သင်ပေးသွားတာ ဖြစ်နိုင်ပါတယ်။

“ပန်းချီက ပြည့်စုံနေပြီပဲ...ပြခန်းမှာ ချိတ်ရတော့မယ်”

“ဒီပန်းချီက ပြခန်းမှာ ချိတ်ဖို့ မဟုတ်ဘူး”

မဟူရာတုနှိုင်း၏ အမေးကို ပြန်ချေပလိုက်သည်။သူဆွဲထားသော ပန်းချီကို တပ်မက်မှုတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ ကြည့်နေသော မဟူရာတုနှိုင်းကို ဒီဂရီမိုင်းနပ် သဘောမကျ။မပြိုင်ဆိုင်တဲ့ လူတစ်ယောက်ကို ဘေးချင်းယှဉ်ကာ တန်းညှိတဲ့ မိန်းကလေးမျိုးဟာ ဘဝင်ရူးနေတာပဲ ဖြစ်လောက်သည်။

“နင် ကျောင်းပြခန်းမှာ ချိတ်ဖို့ ပန်းချီဆွဲပေးရမှာလေ”

“အဲ့ဒီ့အတွက် ဆွဲထားတာ သက်သက်ရှိတယ်”

“တော်လိုက်တာ...နင်ဆွဲတာတွေက တအားလှလွန်းတယ်”

“နင် ချီးကျူးစရာမလိုပါဘူး၊နားညီးလို့ ကိုယ့်ပုံသာ ကိုယ်ပြန်ဆွဲနေစမ်းပါ”

ပြီးစီးသွားသော ပန်းချီကားကို ဒေါက်တိုင်ကနေ ဖြုတ်သိမ်းလိုက်ရင်း ပိတ်စဖြူဖြင့် အုပ်လိုက်သည်။မနေ့ကတည်းက လက်စသပ်ထားတာ ဖြစ်တဲ့အတွက် ဆေးတွေဟာ စေးကပ်မနေတော့။ဖရစ်ဆီကို စာတစ်ချို့ပို့ကာ လာယူခိုင်းဖို့ ပြောလိုက်ရသည်။

𝐎𝐧𝐥𝐲 𝐌𝐢𝐧𝐞Where stories live. Discover now