အလှဆုံးပြင်နေမိတဲ့ မဟူရာတုနှိုင်း။ကျောင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း လှပစွာ ဖြီးသင်တယ်။မှန်တင်ခုံပေါ်မှာတင်ထားတဲ့ တစ်ယောက်သောသူရဲ့ ကျောနံပါတ်ပါတဲ့ နောက်ကျောပုံလေးဟာ စွဲလန်းဖို့ သိပ်ကောင်းတယ်။ 'C.T.S' ဆိုတဲ့ စာလုံးလေးတွေကတောင် နွေးထွေး သွားသလိုမျိုး။
ဆယ်ကျော်သက်အရွယ်မှာ ပထဆုံးရူးမိုက်မိတဲ့ အချစ်လို့ ဆိုရလောက်အောင် အစ်ကိုချစ်သောက သိပ်ကို ရူးသွပ်ဖို့ကောင်းတယ်။အနာဂတ်မှာ ချစ်သူဖြစ်ခဲ့ရင်ဆိုတဲ့ ရူးမိုက်မိတဲ့ စိတ်ကူးတွေကိုတောင် list နဲ့ ချရေးတာမျိုးကို မပျက်မကွက် ရေးတက်နေပြီ။ခိုးကြည့်နေကျ မျက်နှာလှလှလေးကိုလည်း sketch book ပေါ်မှာ အသက်သွင်းတက်ခဲ့ပြီ။
ကျောပိုးလွယ်အိတ်ကို လွယ်ပြီး အိမ်ပေါ်ထပ်ကနေ ပြေးဆင်းလိုက်ပြီး ကျောင်းသွားဖို့ ပြင်တယ်။အိမ်ကလူတွေကို ဂရုမစိုက်တဲ့သူမို့ နှုတ်ဆက်ခြင်း မပြုပဲ ကားနောက်ခန်းမှာ ဝင်ထိုင်တယ်။ဒရိုင်ဘာဦးလေးဦးက ဝင်လာပြီး ကျောင်းကို မောင်းတယ်။တစ်နေ့လုံး နေရင်တောင် မိဘတွေကို မမြင်ရတဲ့သူမို့ ဘာကိုမှ တွယ်ကပ်စရာမလိုဘူး။
ခပ်ရေးရေးမြင်နေရတဲ့ အလှဆင်ထားတဲ့ ထင်းရှူးပင်တွေ၊ခပ်ငွေ့ငွေ့ကျနေတဲ့ မြူတွေ...ထိုကြားထဲက တိုးထွက်နေတဲ့ ရောင်ခြည်သဲ့သဲ့။အရာရာက ဒီဇင်ဘာလကို အလှတိုးအောင် ပံ့ပိုးပေးနေသလိုပါပဲ။မဟူရာတုနှိုင်းလည်း ထိုသို့ပင်။အစ်ကိုချစ်သော ငြင်းမှာကို အလှဆုံးပြင်ပြီး ပြုံးရယ်ထားလို့။
ဒါပေမယ့် တွေးတက်ရင်လည်း ပျော်စရာပါပဲ။
သူ့အပျော်နဲ့သူ လမ်းလျှောက်နေရင်း အမှတ်မဲ့ ဆံလာသူက မဟာရပ်ဝန်း။စာမေးပွဲ နောက်ဆုံးနေ့မို့ မဟာရပ်ဝန်းဟာ နည်းနည်းတော့ တက်ကြွနေသည်။သူကိုယ်တိုင်လည်း တက်ကြွနေသည် မဟုတ်ပါလား။
“တုနှိုင်း-”
“မဟာရပ်ဝန်း- မနေ့က ငါ့ကို စိတ်ဆိုးသွားတာလား”
“မဆိုးပါဘူး၊သိတဲ့အတိုင်း ဒီဂရီမိုင်းနပ်က သူလုပ်ချင်တာကိုပဲ အမြဲလုပ်တာလေ။ပြီးတော့ နင်လည်း သူနဲ့ တစ်ပုံစံတည်း-”