“ဘာလို့ ကျောင်းကို အစောကြီးသွားတာလဲ သားဒီ”
ကျောင်းဝတ်စုံပြည့်နှင့် အပေါ်ထပ်ကနေ ဆင်းလာတဲ့ ဒီဂရီမိုင်းနပ်ဟာ ပါပါးအမေးကြောင့် ခေလှမ်းတွေ ရပ်လိုက်ကာ ထမင်းစားခန်းထဲကို ဦးတည်လိုက်သည်။အရွယ်တင်ကာ ကြည့်ကောင်းနေဆဲ ပါပါးဟာ ဒီဂရီ့ကို လှမ်းကြည့်ရင်း ပြုံးပြသည်။ပါးအပြုံးတွေဟာ အငယ်လေးနဲ့ ဆင်တူပြီး ဒီဂရီမိုင်းနပ်ကတော့ ဒယ်ဒီနှင့်တူသည်။
လွယ်အိတ်ကို ခုံပေါ်တင်ကာ သူလည်း ခုံတစ်ခုံ ဆွဲယူလိုက်ရင်း မနက်စာစားဖို့ အသင့်ပြင်လိုက်၏။မနက်အဆာပြေဆိုရင် တစ်အိမ်သားလုံး စားရသည်။မနက်စာမစားတဲ့ အမျိုးသားတွေဟာ အစာအိမ်ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့ အကြောင်းကြောင့် ပါပါးဟာ သူတို့ အိမ်သား အကုန်လုံးအတွက် မနက်စာကို စနစ်တကျ ပြင်ဆင်ပေးတက်၏။
“သားဒီ...ပါး မေးနေတာကို မဖြေပဲ အရင် အဆာပြေစားဖို့ ပြင်နေတာလား”
“ကျွန်တော် ဒီနေ့ကစပြီး ကျောင်းစောစောသွားရမယ်။ပြီးတော့ ကျောင်းဆင်းချိန်လည်း နောက်ကျမယ် ပါး”
“ဘာလို့လဲ...ကျောင်းမှာ အတန်းတစ်ခုခု တက်ဖို့ လုပ်နေတာလား”
“အင်း...ကျွန်တော် စီနီယာတန်း ပန်းချီနဲ့ အနုပညာအတန်းကို တက်ဖို့ ခွင့်ပြုချက်ရသွားလို့လေ။ဖရစ်ကိုပဲ အကြိုအပို့ လုပ်ခိုင်းမှာမို့ ပါး စိတ်မပူပါနဲ့”
ဒီဂရီမိုင်းနပ် အလှဆုံးသော စကားတွေကို ရွေးချယ်ကာ ပြောလိုက်သည်။ပါးဟာ ခေါင်းငြိမ့်လာပြီး နွားနို့တစ်ခွက်ကို သူ့ဘေးကို ချလာပေးသည်။မနက်စာကတော့ အနံ့အရမ်းမွှေးသော ထမင်းကြော်ကို မကျက်တကျက် ကြက်ဥကြော်လေးကို အပေါ်မှာ တင်ထားပေးသေးသည်။
မနက်စာ မစားပဲနဲ့ နေ့တစ်နေ့ကို ဘယ်လိုမှ မစတင်နိုင်။ပုံစံခွက်ထဲမှာ နေသားကျနေသူမို့ ဒီဂရီမိုင်းနပ် မနက်စာကို ခပ်မြန်မြန်ပင်စားလိုက်သည်။ပါပါးလက်ရာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပြီး ဒီဂရီမိုင်းနပ်အတွက် နံပါတ်တစ် စားဖိုမှူးပင် ဖြစ်သည်။ဒီဂရီ ထမင်းကြော် စားနေတာကို ရပ်လိုက်ရင်း-