နေရောင်လေးထွက်ဆို အပြေးလာခဲ့သည့် ကော်ဖီဆိုင်လေးက ကျောင်းရှေ့မှာ ချစ်စရာ ကောင်းအောင် တည်ရှိနေ၏။ဒီဂရီမိုင်းနပ်သည် အဖြူရောင် ကျောင်းဝတ်စုံလက်တိုပေါ်မှာ ထပ်ဝတ်တဲ့ ဂျင်းပြာလက်ရှည်ကို ခုံပေါ်မှာ တင်ရင်း မီနူးကို တစ်ချက်ကြည့်လိုက်ပါ၏။
ကျောင်းမသွားခင် မဟာရပ်ဝန်းနဲ့ အတူသူငယ်ချင်းနှစ်ယောက် အပြေးလေးထိုင်ရသည်မို့ ဆိုင်မှာ တစ်ခါမှ ဖင်မပူ။အခုတော့ စာအုပ်တွေပါ ပါလာတာမို့ ဖင်ပူရမည်။စာကြည့်တိုက်က လူတွေ များလွန်းလို့ ကော်ဖီဆိုင်မှာ စာလာလုပ်ရသည့်ဘဝ။
"ဘာသောက်မလဲ ရပ်ဝန်း"
"ကော်ဖီသောက်မယ် မင်းကရော"
"စတော်ဘယ်ရီနို့"
"မင်းအကြိုက်က အခုထိ မပြောင်းသေးဘူးပဲ"
မဟာရပ်ဝန်း အပြောကြောင့် ဒီဂရီမိုင်းနပ် ပုခုံးကိုသာ တွန့်ပြလိုက်မိသည်။အနည်းငယ် အေးစိမ့်စိမ့်နိုင်သည့် ပတ်ဝန်းကျင် အခြေအနေကြောင့် ဘဝင်မကျ ဖြစ်မိသည်။ဆောင်းဦးဆိုပေမယ့် အအေးဓာတ် အချို့က ဝင်ရောက်နေပြီလည်း ဖြစ်သည်။
"ငါက အစားအသောက် ဇီဇာကြောင်တာ သိတယ် ဟုတ်..."
"ကြက်ဥကို အကျက်မကြော်ရင် ထမင်းဝိုင်းက ထွက်သွားတဲ့အထိ မင်းက အစားအသောက်ကို ဇီဇာ ကြောင်လွန်းတာ"
ဒီဂရီမိုင်းနပ် ဘာမှ မပြောမိ။လွယ်အိတ်ထဲက စာအုပ်တွေကို ထုတ်ရင်း စာလုပ်ရန် ပြင်ဆင်ရတော့သည်။မဟုတ်ရင် အနောက်မှာ ကျန်ခဲ့မှာ။မဟာရပ်ဝန်းရဲ့ အင်္ဂလိပ်စာ စာအုပ်ကို ပေးလိုက်ရင်း-
"ငါ သင်္ချာအတွက် ဂိုက်ယူရင် ကောင်းမလားပဲ"
"မင်း သင်္ချာမရလို့လား!"
"ပုံမှန်လောက်ပဲမို့ စိုးရိမ်တာ။အတန်းထဲမှာ မင်းဆိုရင် သင်္ချာကိုသေအောင်တော်တာ။ငါလည်း အမှတ်များများ လိုချင်တယ်"
စတော်ဘယ်ရီနို့ကို ပိုက်နှင့် တစ်ချိုက်သောက်လိုက်သည်။ပြန့်ကျဲနေတဲ့ သင်္ချာဂဏန်းလုံးတွေကို ဒီဂရီမိုင်းနပ် သိပ်ကို စိတ်ပျက်သည်။သင်္ချာဆိုရင် အမြဲတမ်း သာမန်ဖြစ်နေတာကို တကယ်သဘောမတွေ့။သိပ်ကို စိတ်ပျက်ဖို့ကောင်းသည်လေ။

YOU ARE READING
𝐎𝐧𝐥𝐲 𝐌𝐢𝐧𝐞
Roman d'amourအချစ်တစ်ခုကို ဖော်ပြတဲ့အခါ ဒူးထောက်ပြီး ညံ့သက်ရတယ် "degree minus"