အပိုင်း ၇

9.4K 373 15
                                    


"တကယ်ကြီးလားဟဲ့"

"တကယ်တဲ့တော် မြို့ကိုခေါ်သွားတဲ့လူတွေအကုန်လုံးတောင်ချက်ချင်းဆိုတော့မယုံနိုင်ဘူးဖြစ်နေတာ ဘယ်သူ့ကိုမှအသိမပေးဘဲတန်းပြီးမဂ်လာဆောင်သွားတာလေ"

"သတို့သားကရော"

"သတို့သားကလည်းခန့်ညားချက်ဆိုပဲ ပစ္စည်းကလည်းအသင့်အတင့်ရှိတယ်တဲ့ အဓိကကတော့သတို့သားမိဘတွေကသဲနုလေးကိုတကယ်ချစ်တာတဲ့တော်"

"ဘာသတင်းမှလည်းမကြားမိဘူး ရုတ်တရတ်ကြီးဘယ်လိုဖြစ်ရတာပါလိမ့် သဲနုလေးကလည်းဘယ်မှသွားတာမဟုတ်တော့တခြားအကြောင်းအရာတွေတော့မရှိလောက်ဘူး"

"အိုတော် မိန်းကလေးတွေဘယ်လောက်ဗိုင်းကောင်းကျောက်ဖိပြောပြော ရူးမိုက်မိရင်ဘယ်သူပြောပြောနားဝင်တာမဟုတ်ဘူးတော်ရေ ဥမမာမထွေးမြသမီးခိုင်ခိုင့်ကိုပဲကြည့် အနေအေးတယ်အနေအေးတယ်နဲ့ယောင်းမမြင်းစီးထွက်သွားတာလေ ဗိုက်တစ်လုံးပေါ်မှသိတာပါ့မယ်"

"အိုတော် ဘယ်လိုပြောပြောနုလွှာလေးကတော့အဲ့လိုမဟုတ်ပါဘူး အကြောင်းရင်းရှိကိုရှိရမယ်"

"ဟိုတလောကမှပြောင်းလာတဲ့ကမ်းရိုးတန်းဆိုတဲ့ကောင်လေးကြောင့်များလားအေ ဟိုတစ်ရက်ညနေခင်းကြီးရွာထိပ်ကုက္ကိုပင်အောက်တွေ့ခဲ့တယ်လို့ကြားသလားလို့"

"တွေ့တာကတော့ဟုတ်တယ် မောင်နှမနှစ်ယောက်လုံးတဲ့တော့ နောက်ပြီးအဲ့အရင်ရက်သူကြီးအိမ်ထိပ်တုံးခတ်ခံရတုန်းကလက်မခံဘူးလို့ပြောနေကြတာကြားတဲ့သူတွေကြားခဲ့တယ်တဲ့တော် အဲ့တာကြောင့်ဖြစ်မယ်ထင်တယ် အဲ့လိုလူမိုက်မျိုးနဲ့သမီးဖြစ်သူကိုဘယ်မိဘကသဘောတူမတဲ့လဲ"

"ဟုတ်လောက်တယ်တော့် အဲ့အိမ်ကိုဝင်သွားတာနှစ်ခေါက်သုံးခေါက်လောက်ရှိတယ်ကျုပ်ကိုယ်တိုင်တွေ့တာ အခုရက်ပိုင်းလည်းခဏခဏလာရှာတယ်တဲ့မတွေ့လို့ပြန်သွားတာပြောတယ် တကယ်များဟုတ်နေရင်ကောင်မလေးမိုက်ချက်ပဲ ကြိုက်စရာရှားလို့အဲ့လိုလူမျိုးကိုကြိုက်ရလားဟယ်"

"ရမ်းသန်းပြောမနေကြပါနဲ့တော် အမှန်အတိုင်းလည်းသိသေးတာမဟုတ်ဘူး ထင်ကြေးတွေနဲ့ပြောနေတော့ မဟုတ်ရင်တစ်ဖက်မိန်းကလေးအတွက်မကောင်းဘူးလေ"

အစားထိုးသည်မှအစပြု၍( Completed)Where stories live. Discover now