အပိုင်း ၂၅

8K 319 29
                                    


"အသဲရေ .....အသဲ..... ဒီဟာလေးဘယ်သွားနေပါလိမ့် မိုးကဖြင့်ချုပ်နေပြီ ထမင်းလည်းမချက်ရသေးဘူး"

မနက်ကတည်းက သူငယ်ချင်းအမျိုးတွေရှိရာဟိုးဘက်ရွာရောက်နေတာမို့ ညနေစောင်းမှသာအိမ်ပြန်လာဖြစ်သည်။အလှူမှာဝိုင်းကူလုပ်ပေးဖို့လိုက်သွားတာမို့တစ်ခွက်တစ်ဖလားလောက်မော့လာဖြစ်သည်။

အိမ်ရောက်မှသူနဲ့ထမင်းစားလက်စုံစားရန်စဥ်းစားထားတာမို့ ဟိုကဇွတ်ကျွေးလွှတ်တာတောင်မစားဖြစ်ခဲ့။အခုအိမ်ပြန်ရောက်တော့ ဗိုက်ကဆာမိုးကချုပ်ရတဲ့ကြားထဲ ထမင်းအိုးဗလာဟင်းအိုးဗလာနှင့်။တွေ့ချင်သူကိုလည်းမတွေ့ရတော့စိတ်အချဥ်ကပေါက်လာပြီ။

ထမင်းအိုးတစ်လုံးတည်ပြီးမှလိုက်ရှာဖို့ပြင်ရမည်။

"ဟိုဟာလေးရန်ပွဲများသွားကြည့်နေတာလား ငါမရှိတုန်းအိမ်လည်ထွက်နေတာလားပဲ တွေ့မှမှတ်လောက်သားလောက်ဖြစ်အောင်နာနာလေးရိုက်ပစ်အုံးမယ် လူရှိရင်တစ်မျိုးအပိုးကျိုးပြီး ကွယ်ရာကျတစ်မျိုးအမျိုးမျိုးလုပ်ချင်ရာလုပ်တာ"

ပါးစပ်ကပြောရင်း ပုဆိုးကိုပေါင်ရင်းထိလိပ်တင်ကာအိမ်သားရှာဖို့ရွာထဲထွက်ရသည်။

"ဗျို့ မပုတု မပုတု"

"ဟေ့ ကမ်းရိုးပြန်ရောက်ပြီလား"

"ရောက်ပြီ အိမ်ကဟာလေးမြင်သေးလား"

"မမြင်မိဘူး ငါလည်းခုနမှဟိုဘက်ရွာကပြန်ရောက်တာ"

"အော"

တစ်အိမ်ပြီးတစ်အိမ်မေးရင်း ကြက်မကြီးသားပေါက်ရှာသလို တကတော်ကတော်မအော်ရရုံတမယ်ပဲ။

"အောင်မလေးနော်ချစ်လို့သာသည်းခံနိုင်တာ လုပ်ပုံကမဟုတ်သေးပါဘူးငါ့နှယ်"

ပါးစပ်ကမြည်တွန်တောက်တီးပြီး ရွာလမ်းတစ်လျှောက်လည်းအိမ်ပေါက်စေ့မေးရသည်။

"ကမ်းရိုးပါလားဟ မင်းသိပြီးပြီလား"

"ဘာကိုသိရမှာတုန်း"

"မင့်ယောကျ်ားသောင်ပြင်အကြောင်းလေ"

"အခုသူ့ကိုလိုက်ရှာနေတာပဲပြောစမ်းပါအုံးဗျာ ဘာတွေမွှေလိုက်ပြန်ပြီတုန်း"

အစားထိုးသည်မှအစပြု၍( Completed)Where stories live. Discover now