အပိုင်း ၁၇

9.5K 409 27
                                    


အိမ်ရှေ့ကွက်လပ်မှာမြေပဲတွေပုံရင်း အရိပ်ရသည့်နေရာမှာထိုင်ကာ တစ်ဖွဲ့လုံးမြေပဲဆွတ်ဖြစ်ကြသည်။အိမ်ကဟာလေးကတော့ကျောင်းသို့ထွက်သွားလေရဲ့။

ရွာထဲကလူတွေကလည်းသူတို့ကိုယ်ပိုင်အလုပ်တွေနှင့်မအားလပ်တာမို့ ဟိုဘက်ရွာကအပေါင်းအဖော်တွေကိုပဲလာကူခိုင်းရသည်။သူတို့အလုပ်ပြန်ပေါ်ချိန်ကိုယ်ကလက်စားပြန်လိုက်ပေးရင်အဆင်ပြေတယ်လေ။

"ဟေ့ကောင် ကမ်းရိုး"

"အေးပြော"

"မင်းသတင်းတွေအရမ်းနံမည်ကြီးနေတယ်နော်"

"ဘာသတင်းတုန်းကွ"

ပြည့်သွားတဲ့မြေပဲတောင်းကိုကွင်းပြင်မှာဖြန့်လှန်းထားတဲ့ဆီသွားသွန်ပြီး နေရာမှာပြန်လာထိုင်ကာထပ်ဆွတ်ရင်းမေးမိသည်။

"မင်းခိုးပြေးထားတဲ့မင်းအိမ်ထောင်ဖက်လေးနဲ့အကြောင်းတွေပေါ့ကွ"

"ယူထားတာနှစ်ဝက်ကျိုးတော့မယ် ဘာအထူးအဆန်းရှိလို့လဲ"

"ဟ မင်းခိုးပြေးတဲ့ရည်ရွယ်ချက်ကြီးလူတိုင်းသိနေတာပဲဟာ ပြောတော့ဖြင့် အစ်မနေရာအစားထိုးတာတဲ့ အခုတော့ဖြင့်တစ်ရွာလုံးပြောစမှတ်ကိုဖြစ်လို့"

ကွမ်းတမြုံ့မြုံ့ဝါးရင်း ဘေးကထွေးခံထဲ ကွမ်းတံတွေးထွေးထည့်လိုက်သည်။ခြံထဲကွမ်းတံတွေးတွေပြန့်ကျဲနေရင်အိမ်ကဟာလေးကမကြိုက်။မျက်မှောင်လေးတွန့်ချိုးရင်း ပွစိပွစိလုပ်ကာမြေကြီးတွေနှင့်လိုက်ဖုံးတတ်သည်။

"ငါ့အကြောင်းနဲ့ငါ ဂရုကိုမစိုက်တာ"

"အဲ့တော့မင်းတို့အခြေအနေကဘယ်လိုတုန်း"

"မြင်တဲ့ကြားတဲ့အတိုင်း သာသာယာယာဘဲ"

ဘေးကဆိုးဖော်ဆိုးဖက်ငယ်ပေါင်းကြီးဖော်တွေကမယုံကြည်ဟန်ဝိုင်းကြည့်လာလေသည်။သူကတော့မမြင်ချင်ယောင်ဆောင်ထားရင်း မြေပဲဆွတ်မပြတ်။

"မင်း တကယ်ကြီးကိုဖြစ်နေတာလား"

"ဘာဖြစ်တာလဲ"

"အဲ့ကောင်လေးအပေါ်ဟိုစိတ်တွေလေ"

"ငါတို့ကအိမ်ထောင်ဖက်တွေလေ ထူးဆန်းလို့လား"

အစားထိုးသည်မှအစပြု၍( Completed)Where stories live. Discover now