"ခွာညို ဘယ်ကပြန်လာတာတုံး""အယ်..သောင်ပြင် ငါယာခင်းကလူတွေကိုကောက်ညှင်းပေါင်းလာပို့တာ နင်ပြန်တော့မလို့လား"
ယာခင်းကအပြန်လမ်းဆုံကမန်းကျည်းပင်ရိပ်၌ တောင်းလေးခါးစောင်းတင်ကာရပ်နေသောခွာညိုကတစ်ယောက်ယောက်ကိုစောင့်နေဟန်။
"ဟုတ်တယ် ဒီနေ့အစောပြီးသွားလို့လေ ပြန်တော့မလို့ နင်တစ်ယောက်တည်းလာတာလား"
"အဘနဲ့ကြွက်နီပါတယ် ငါဒီနားကစောင့်နေတာ နင့်လူကြီးရော"
"ဟိုနားကယာခင်းထဲကဟင်းရွက်သွားခူးနေတာ"
"ဒါနဲ့.."
ခွာညိုကစကားစပြီးမှ မေးသင့်မမေးသင့်ချိန်ဆနေဟန်။
"နင်တို့အဆင်ပြေရဲ့လား... တစ်မျိုးမထင်နဲ့နော် သူကဆိုးသွမ်းတယ်လို့နံမည်ကြီးနေတော့ နင့်ကိုအနိုင်ကျင့်နေမှာဆိုးလို့ တစ်ရွာတည်းဆိုပေမယ့်လည်း... "
"အဆင်ပြေပါတယ်ဟ အဘတို့နဲ့တွေ့ရင်လည်းပြောလိုက်အုံး ငါအဆင်ပြေတယ်လို့ ပြီးတော့ သူကငါတို့ထင်သလောက်လည်းမဆိုးသွမ်းပါဘူး စကားပြောတာနည်းနည်းကြမ်းပေမယ့် လက်ပါတတ်တာမရှိဘူး အလုပ်တွေဆိုလည်းငါမလုပ်နိုင်တာတွေမခိုင်းဘူး သူနဲ့နေတဲ့အတောအတွင်းငါထင်ထားတာထက်ပိုအဆင်ပြေတယ်"
"နင်အဆင်ပြေတယ်ဆိုပြီးတာပါပဲဟာ တစ်ရွာလုံးကနင့်အတွက်စိတ်ပူနေတာ ဦးကြီးထွန်းတို့လည်းအဆင်ပြေတယ် တကယ်လို့တစ်ခုခုဆိုခေါင်းငုံ့ခံမနေနဲ့နော် ငါတို့တစ်ရွာလုံးနင့်ဘက်ကရှိတယ်သိလား"
"ဟိုဟာလေးပြန်မယ်"
ခွာညို့စကားအဆုံး ရုတ်တရတ်နောက်ကထွက်လာတဲ့အသံကြောင့် နှစ်ယောက်သားစကားဆက်ပြောလို့မရတော့။တွန့်နေကျမျက်ခုံးတန်းရယ် တင်းမာနေကျသူ့မျက်နှာရယ်ကြောင့် ခွာညိုကခေါင်းငုံ့သွားလေသည်။
"အာ ဟင်းရွက်တွေရလာပြီလားပြန်မယ်လေ ခွာညိုငါတို့ပြန်နှင့်မယ်"
"အေးအေး"
သွားခါနီး သူကြီးသမီးဖြစ်သူကိုစွေကြည့်လိုက်တော့ အံမယ် အိမ်ကဟာလေးကိုနှမျောတသသမျက်ဝန်းတွေနဲ့ငေးကြည့်နေသေးတာ။မကျေမနပ်တစ်ချက်ကြည့်လိုက်ရင်းကိုယ်လုံးနှင့်ကာပစ်လိုက်သည်။
YOU ARE READING
အစားထိုးသည်မှအစပြု၍( Completed)