အပိုင်း ၂၁

8.6K 344 20
                                    


"မပြေလည်နိုင်အောင်သူကကြံရွယ်တယ်...ရင်မှာချစ်အားလေးညှိုးငယ်ရပါတယ်...ပြေလည်အောင်ဖြေရှင်းပါမယ်လေ...အယူခံဒီစကားလေးပြောပြတော့မယ်...
အကြင်နာဆုံး ကိုယ့်ရဲ့အချစ်ဆုံးရယ်...နေပါအုံး မုန်းလိုက်တော့မှာလားလေကွယ်...ကြင်နာတဲ့သူလေး ရှောင်ပြေးလေတော့...ကိုယ်တစ်ယောက်တည်း အခုတော့ကြေကွဲပြီ...
ကြင်သူရေ...ကိုယ်တစ်ယောက်တည်းဆွေးပြီ...အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား...တယူသန်ပဲဆုံးဖြတ်တော့မှာလားသဲရယ်...အကျိုးအကြောင်းလေး ကိုယ်ပြောပြမယ်....
ကြင်သူရေ...ခေါ်သံလေးကြားရင်...အချစ်ဟောင်းလေးကို ခဏလောက်လှည့်လို့ကြည့်ပါအုံး...ပြန်လည်လို့ချစ်ခွင့်ပေးပါအုံးလား...နောက်တစ်ယောက်တော့မချစ်လိုက်နဲ့ကွယ်...
အချိန်တွေကြာကြာမေ့ထားနိုင်သူရယ်...ဒိုင်ယာရီအဟောင်းလေးအလွမ်းတွေ ပြည့်ပြီကွယ်...အနိုင်ယူပါကွယ်တောင်းပန်ပါတယ်...သဲရယ်ကိုယ်အရှူံးလေးပေးပေးလိုက်မယ်...
ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့...အကြင်နာလေးများလည်း ပေးသနားပါအုံးကွယ်...ပြေပါတော့ချစ်ဦးရန်ငြိုးတွေရယ်...အယူခံတေးလေးနဲ့ ကိုယ်ချော့မယ်...."

ခြံအပြင်ဘက်မှသီချင်းသံကြောင့် ပြတင်းတံခါးဝရပ်က အနည်းငယ်ငဲ့စောင်းကြည့်မိသည်။ခြံစည်းရိုးဘေး ကလေးတွေဆော့နေကျဝါးခုံတန်းလေးပေါ်ထိုင်ရင်း အိမ်ဘက်လှည့်ကာအားနှင့်မာန်နှင့်ခံစားချက်အပြည့်နှစ်ကာဆိုနေသောမျက်နှာထားက လရောင်ဝင်းဝင်းအောက်မှာအထင်အရှား။

ဟိုဘက်ရွာကသူ့အဖော်သုံးယောက်ပါအတူထိုင်ရင်း မသာယာတဲ့အသံဘေးပါရမီကူဖြည့်လို့ သီချင်းကောင်းတစ်ပုဒ်ကိုဖျက်ဆီးနေကြတာ။ဘေးအိမ်တွေကခဲနဲ့မထုသေးတာလူမိုက်ကြီးမလို့သာဖြစ်မှာ။သာယာနာပျော်ဖွယ်ကောင်းတဲ့အသံမှမဟုတ်ဘဲ နားဒုက္ခလာပေးနေတာ။

နောက်ပါးဆီကခြေသံကြားလို့လှည့်ကြည့်တော့ အဘကသူ့နောက်မှရပ်ရင်းပြတင်းတံခါးကမြင်နေရတဲ့သူတို့အဖွဲ့ကိုခါးထောက်ကြည့်နေတာ။

"အဘ"

"ဘာလဲ ပြန်သွားချင်နေတာလား"

"မဟုတ်ပါဘူး"

အစားထိုးသည်မှအစပြု၍( Completed)Where stories live. Discover now