ကျီကျီကျာကျာအော်နေတဲ့ငှက်ကလေးတွေက အာရုံဦးမှာတော့နားပူစေပါသည်။ကိုယ်အိပ်မောကျနေချိန်လာနှိုးရင်ဘယ်သူကရောကြိုက်မှာတဲ့လဲလေ။သူတို့အားတိုင်းတွတ်ထိုးနေတာကိုယ်ပါအိပ်ရေးပျက်ရတယ်။"အောက်..အီးအီး..အွတ်"
ခြေရင်းအိမ်ကကြက်တွန်သံက အိပ်ယာထဖို့အချက်ပေးနေတာ။တစ်ရေးပြန်နှပ်မယ့်အရေးကိုဘယ်လိုလုပ်ပြီးအိပ်ပျော်တော့မှာလဲ။အိပ်ယာမှလူးလဲထကာကုတင်ပေါ်ကဆင်းတော့မှ တစ်ခုခုကိုသတိရသည်။
ဒီနေ့သူနှိုးရမယ့်လူတစ်ယောက်ရောက်နေတာမေ့သွားတာ။အိပ်ယာဘေးကဖယောင်းတိုင်နှင့်မီးခြစ်ကိုယူကာ မီးထွန်းလိုက်ပြီး ခပ်လှမ်းလှမ်းကြမ်းပြင်ပေါ်ကလူနားတိုးသွားလိုက်သည်။
အိပ်နေတာများတုတ်တုတ်တောင်မလှုပ်။ငှက်အော်သံကိုလည်းမကြားသလို ကြက်တွန်သံကိုလည်းဂရုမစိုက်။စောစောစီးစီးပူအိုက်နေချိန်တောင် စောင်ကိုဖြန့်ခြုံထားနိုင်တဲ့အစွမ်းကတော့ဩချလောက်ဖွယ်။
"ဟိတ်...ထတော့"
အိပ်နေတဲ့ဘေးထိုင်ချကာ ပုခုံးကိုခပ်ကြမ်းကြမ်းတွန်းကာနှိုးတော့ခေါင်းမြီးပါခြုံသွားသေး။
"ထတော့လို့...ဒါမင်းအမေအိမ်မဟုတ်ဘူး မင်းလင်အိမ်"
"ဘယ်ကလင်တုန်း"
"မင်းလင်ကမ်းရိုးတန်းဟေ့ ကမ်းရိုးတန်း ထအခုချက်ချင်း"
ခပ်ကျယ်ကျယ်အော်ပြောမှဆတ်ခနဲထထိုင်ကာ အိပ်မှုံစုံမွှားကြည့်လာလေသည်။
"မနက်အစောကြီးဘာထလုပ်ရမှာလဲ"
"ငါ့လုပ်ဖို့နှိုးတာဟေ့"
"ဟာ..မလုပ်ချင်ပါဘူး"
ပြောရင်းပြန်လှဲအိပ်ဖို့ပြင်နေသေးသည်။
"ဖြောင်း .....ဒီငါ...."
ကျောပြင်ထက်ဗျောတင်ထည့်လိုက်မှပြူးတူးပြဲတဲကြည့်လာပြီး လက်တွေ့ဘဝနဲ့ချိတ်ဆက်မိတော့တယ်။
"ကျွန်တော်ယောင်သွားလို့ဟာကိုအားနဲ့ရိုက်တယ်"
"အဲ့တာမှအသိတရားဝင်မှာလေ ထအခု မျက်နှာသစ်ပြီးထမင်းအိုးတည် ဘယ့်နှယ်ကွာညကလည်းအစောကြီးအိပ်ပြီးမနက်ကျတော့လည်းမနိုးဘူး ကာလနဂါးဝင်စားသလားမသိဘူးအိပ်ချက်ဆိုတာ"
YOU ARE READING
အစားထိုးသည်မှအစပြု၍( Completed)