"အဖေ့အခြေနေဘယ်လိုနေသေးလဲသောင်ပြင်""နောက်ဆိုအစားအသောက်ဆင်ခြင်ခိုင်းအုံးဝတ်မှုန် ဦးကြီးကအသက်ကြီးနေပြီ"
"ငါတို့လည်းပြောတာပဲဟယ် အဖေ့အကြောင်းလည်းနင်သိရက်သားနဲ့ ကလေးလည်းမဟုတ်တော့ပြောရခက်သား"
"ကဲပါဟာ ခုတော့သက်သာနေပြီပဲ ဘာမှစိုးရိမ်မနေနဲ့နော် ငါပေးခဲ့တဲ့ဆေးတွေကိုသာအချိန်မှန်တိုက်ပေး မသက်သာရင်လာခေါ်ဟုတ်ပြီလား"
"အေးအေး နင်အခုအိမ်တန်းပြန်မှာလား"
အိမ်ပေါက်ဝမှာဖိနပ်စီးရင်း ရုတ်တရတ်မေးလာတာမို့...
"မဟုတ်ဘူး ရွာတောင်ပိုင်းကဘွားပုကိုသွားကြည့်ပေးရအုံးမှာ နေအပူချိန်ပြင်းတော့သက်ကြီးပိုင်းတွေမခံနိုင်ဘူး ချွေးထွက်များပြီးအားပြတ်တာတွေဖြစ်နေတာ"
"အတော်ပဲ ငါလည်းတောင်ပိုင်းကမခိုင်လေးတို့ဆီသွားမို့အတူသွားကြတာပေါ့"
"အေး သွားမယ်လေ"
ရွာလမ်းတစ်လျှောက်စုံလျှောက်လာတော့ ရင်းနှီးသူတွေကလှမ်းစနေတာမို့နှစ်ယောက်သားပြုံးရုံသာပြုံးပြမိကြသည်။ခပ်ခွာခွာလျှောက်နေပေမယ့်အတူလျှောက်ဖြစ်နေတုန်းမို့ ရွာကလူတွေကဝသီအတိုင်းစနောက်နေကြတာ။
"ဟဲ့ နှစ်ယောက်သားဘယ်တုန်း"
"တောင်ပိုင်းကိုအရီးလေး ကျွန်တော်ကလူနာကြည့် သူကမခိုင်လေးတို့ဆီသွားမှာ လမ်းကြုံလို့"
"အေးကွယ် မောင်နှမတွေခရီးတူတော့ အတူလျှောက်ကြတာကောင်းပါတယ်"
ခြံထဲငရုတ်သီးတွေလှန်းရင်းပြောလာတဲ့အရီးလေးမြရင်အသံကြောင့် ဝတ်မှုန်ရောသူရောခေါင်းငုံ့ပြီးသာပြုံးလိုက်ကြသည်။
ရင်ဖုံးခါးတိုအပြာရောင်လေးကို ဖျင်လုံချည်အပြာလေးနှင့်တွဲဝတ်ထားတဲ့သူမကမျက်စိပသာဒဖြစ်စရာ။ပါးထက်ကသနပ်ခါးကခပ်ပါးပါးလေး။တင်ပါးထိရှည်တဲ့ဆံနွယ်တွေကိုတစ်ပတ်လျှိုထုံးကာ သနပ်ခါးပန်းလေးပန်ထားတာမို့ ယဥ်စစနှင့်ရင်မှာအေးမြဖွယ်။
သေးသေးသွယ်သွယ်ခန္ဓာကိုယ်နှင့် ညိုညက်ညက်အသားအရေကတစိမ့်စိမ့်ကြည့်လေပိုချောလေ။ညနေခင်းရေခပ်ဆင်းတိုင်း ရွာထဲကကာလသားတွေရဲ့နှုတ်ဖျားရေပန်းစားတဲ့တောပန်းလေးတစ်ပွင့်။
YOU ARE READING
အစားထိုးသည်မှအစပြု၍( Completed)