အပိုင်း ၁၆

9.5K 407 25
                                    


"ထမင်းစားမယ် ဟိုဟာလေး"

"မစားတော့ဘူး"

"မစားလို့မရဘူး လာခဲ့"

"ဆာမှမဆာတာကို"

"ဘာကိုမဆာတာလဲ စိတ်ကောက်ရင်ကောက်တယ်ပေါ့"

"ဘာမှမကောက်ဘူး"

"မကောက်ဘူးဆိုလာခဲ့"

"မလာချင်..."

"သဲသောင်ပြင် မင်းလာမှာလားငါလာခဲ့ရမှာလား"

"မစားချင်ပါဘူးဆို ဘာမှန်းလဲမသိဘူး"

ဘောက်ဆတ်ဘောက်ဆတ်နဲ့ကြမ်းပြင်ပေါ်အသံမြည်အောင်နင်းလာတာက မကျေနပ်ကြောင်းပြနေတာ။နှုတ်ခမ်းပါးပါးလေးကမသိမသာချွန်နေသေးတယ်။ဘယ်လိုဟာလေးမှန်းမသိဘူး။

"ထိုင်.... စား"

"မဆာပါဘူးဆို"

"မဆာလည်းစား ဆာလည်းစား မဟုတ်ရင်ကိုယ်တိုင်ထိုးခွံ့မှာ"

ထမင်းပန်းကန်ထဲတို့စိတို့စိလုပ်ပြီးသေချာမစားသူက မဆာတာမဟုတ်ပဲစိတ်ကောက်နေတာ။ကျောင်းမှာစာကူပြပေးချင်တာကို သဘောမတူလို့ ဆန္ဒပြနေတာသိသားပဲ။

ကိုယ်အိမ်မှာမရှိတုန်း မိဘအိမ်တစ်ညပြန်အိပ်ခိုင်းလိုက်မိတာကို ဘာတွေသင်ပေးလိုက်လဲမသိဘူး။သူပြောတာကိုလက်မခံမချင်း ကန့်လန့်တွေတိုက်နေတာများ တွေ့စကနဲ့တစ်ခြားစီ။

"ကောင်းကောင်းစား အဲ့ထမင်းမကုန်ရင်မင်းပြောတာကိုသဘောမတူဘူး"

"ကုန်ရင်သဘောတူမှာလား"

"ထင်တာပဲ"

"ဘာကိုထင်တာပဲလဲ သေချာပြောလေ"

"အရင်စားစမ်းပါ မဟုတ်ရင်စကားပြောဖို့စိတ်ကြည်နေတာမဟုတ်ဘူး"

ထိုအခါမှစားလက်စထမင်းပန်းကန်ဆီအာရုံစိုက်တာမို့ မသိသာတဲ့သက်ပြင်းတစ်ချက်ချကာ အပြုံးတစ်ချို့ကိုဖုံးကွယ်ရသည်။

စားသောက်ပြီးပန်းကန်တွေသိမ်းနေတုန်း ခြံထဲလမ်းဆင်းလျှောက်ဖြစ်သည်။သူ့လက်နဲ့ပျိုးတဲ့စံပယ်တွေကတစ်ပွင့်တစ်လေပွင့်နေတာမို့ လေကြောင်းတည့်တိုင်း နှာဖျားဆီရိုက်ခတ်တတ်သည်။

အစားထိုးသည်မှအစပြု၍( Completed)Where stories live. Discover now