Part 2

17.6K 116 8
                                    

ကြမ်းတမ်းသောအမှောင်ညများ-(Part-2)🚨🚨

''ဥဒေါင်းလေး အန်တီနွယ်ကိုကြည့်ပေးပါဦး ကြည့်ကောင်းရဲ့လားလို့ ဆံပင်တွ ဖြူနေသေးလား၊ မနေ့ကပဲ အမည်းရောင်သွားဆိုးထားသေးတာ''

''အမယ်ဒီနေ့ထူးထူးဆန်းဆန်းပါလား''

အန်ကယ်သီဟဘုန်းပြည့်ရော အန်တီနွယ်ရော တက်ကြွလန်းဆန်းနေတာ ဆယ်ကျော်သက်လေးတွေအတိုင်းပါပဲ။ မျက်လုံးတွေမှာတောင် အပြုံးတွေက လတ်ဆတ်လို့။

''ထူးဆန်းတာကတော့ အတော့်ကိုထူးဆန်းတာပေါ့ကွာ၊ ဒီနေ့ မင်းတို့အန်တီနွယ်ရဲ့သားကြီးက အိမ်ကိုပြန်လာမလို့လေ''

ဦးသီဟက သေသပ်နေပြီဖြစ်တဲ့ နက်ကတိုင်ကို ပိုပြီး သေသေသပ်သပ်ဖြစ်အောင် လုပ်ရင်း ပြောလာခဲ့သည်။ အန်ကယ်ရဲ့စကားကြောင့် ဥဒေါင်းရဲ့ မျက်လုံးလေးတွေ ဝင်းပသွားရသည်။ သူကြားခဲ့တာတော့ နားကြားမမှားဘူးမလား။ ဘယ်သူလာမှာတဲ့လဲ..

''ကိုကြီး..ကိုကြီးက တကယ်လာမှာလား''

''ဟုတ်တယ်ဟေ့ ဒါကြောင့် ဒို့တစ်တွေသွားကြိုမလို့လုပ်နေတာလေ၊ ဥဒေါင်းလေးက ငယ်ငယ်ရွယ်ရွယ်လေးရှိသေးတော့ ခေတ်အမြင်နဲ့ကြည့်လိုက်စမ်းပါဦး၊ ဒို့လင်မယားစတိုင်တွေ လန်းသေးရဲ့လားလို့''

အန်ကယ်သီဟရဲ့ ခပ်နောက်နောက် စကားကြောင့် ဥဒေါင်းလေးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၍ လက်မလေးတွေထောင်ပြလိုက်ပြီး..

'' ဗဲရီးဂွတ် ဗဲရီးဂွတ် ဘာမှပြင်စရာမလိုတော့ပါဘူး အရမ်းတွေပြည့်စုံနေပါပြီ''

''အဟင်းဟင်း သမီး..သမီးရောလိုက်ခဲ့ချင်လား''

အန်တီနွယ်က အထပ်ထပ်ဖြီးလိမ်းထားတဲ့ ဆံပင်ကို သပ်တင်နေပြီး မေးလာခဲ့သည်။ သဘောရိုးမေးလာခဲ့ပေမဲ့ ဥဒေါင်းက လိုက်ခဲ့ချင်နေသည်။

''ဥဒေါင်း ဥဒေါင်းလိုက်လို့ရလား''

''ဟာ ရတာပေါ့လိုက်ခဲ့၊ သားကို ဥဒေါင်းလေးနဲ့မိတ်ဆက်ပေးရဦးမယ်၊ မြေးလေးနဲ့လည်း မိတ်ဆက်ပေးရမယ် ဟုတ်တယ်မလားဖေကြီး''

''ဟုတ်တာပေါ့ ငါတော့မြင်ယောင်နေသေးတယ်မိန်းမရေ၊ မင်းသမီးဥဒေါင်းနဲ့ မြေးမင်းဆက်ဒီပါတို့ တကျက်ကျက်ရန်ဖြစ်တော့မှာ၊ ဟိုကောင်ကလည်းကလေး မင်းသမီးကလည်း ကလေး ဟားဟား''

ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞Where stories live. Discover now