Part 3

14.7K 122 0
                                    

ကြမ်းတမ်းသောအမှောင်ညများ-(Part-3)

''ဒယ်ဒီကဗျာ ပိုက်ဆံတွေဒီလောက်ပေါနေရဲ့သားနဲ့ ကားအကြီးကြီးမဝယ်ဘူး''

နောက်အခန်းကနေ ဇမ္ဗူဒီပါက သူ့ဒယ်ဒီကို ပြောလာသည်။ ထိုအခါ ဦးသီဟဘုန်းပြည့်က တဟားဟားအော်ရယ်ရင်း..

''ဟာ မင်း ဒီကားက ငါတို့လင်မယားနှစ်ယောက်ပဲစီးနေရတာလေ၊ အနောက်မှာထိုင်ဖို့လည်းလူမရှိဘူး၊ ဘာကြောင့်ငါက ကားအကြီးကြီးဝယ်ရမှာလဲ၊ မင်းတို့ကားအနောက်ခန်းမှာထိုင်ချင်တယ်ဆို မြန်မာပြည်ကိုသာ အပြီးလာခဲ့လိုက်လေ ''

ဦးသီဟဘုန်းပြည့်က နိုင်ငံခြားမှာ နေတဲ့သားကြီးကို အပြစ်တင်တာလိုလို ဘာလိုလိုနဲ့ ရောပြီးပြောလာခဲ့သည်။ ဒယ်ဒီရဲ့ ဆိုလိုရင်းကို ဇမ္ဗူဒီပါက သဘောပေါက်တော့ ​ပြန်ရယ်မောရင်း..

''ဒယ်ဒီကတရားခံနော်''

''ဘာကွ ''

ဦးသီဟဘုန်းပြည့် ပြန်မေးတော့လည်း ဇမ္ဗူဒီပါကပြန်မဖြေတော့ပေ။ တရားခံဆိုတဲ့ စကားရဲ့ ​ဖွင့်ဆိုချက်ကို အသိဆုံးသူက ဥဒေါင်းမြူပါပဲ။ တိုးကြပ်နေသော ကားအနောက်ခန်းလေးမှာ ဥဒေါင်းမြူရဲ့တစ်ကိုယ်လုံးက လူကြီးပေါင်ပေါ်  ဖိလျက်သားဖြစ်နေခဲ့သည်။ သူ့ပေါင်ပေါ်မှာ ထိုင်သလိုဖြစ်နေတော့ ဥဒေါင်းမှာ ထိုင်ရမလိုထရမလိုလို ကုန်းကုန်းကွကွနဲ့ ဘယ်လိုကြီးမှန်းတောင်မသိတော့ပါ။

ဦးသီဟက ပဟေဠိဆန်တဲ့ မေးခွန်းကို ဆက်မ​မေးတော့ဘဲ တပြုံးပြုံးတပြောပြောနှင့် ကားမောင်းထွက်လာတော့သည်။

သူမရဲ့အောက်မှာလည်း ကျစ်လျစ်တုတ်ခိုင်နေသော ဇမ္ဗူဒီပါရဲ့ပေါင်ဖြစ်နေသည်။ ဥဒေါင်းမှာ ရဲရဲကြီးမထိုင်ချရဲ ထလို့ရှိရင်လည်းမရ ထိုင်လို့လည်းမရနဲ့ ငိုချင်လာရသည်။

အန်ကယ်သီဟနဲ့အန်တီနွယ်တို့နဲ့ ရှိနေတဲ့အချိန် ဥဒေါင်းမြူက စကားကိုရွှန်းရွှန်းဝေအောင်ပြောဆိုတတ်ပေမဲ့ ဒီအချိန်မှာ တေမိ ဝင်စားသလားမှတ်ရသည်။ ဘာစကားတစ်ခွန်းမှမဟရဲတော့ပါ။ ကားလေးမောင်းထွက်ပြီး တမိနစ်လောက်အကြာမှာ ဥဒေါင်းခါးပေါ် လက်တစ်ဖက်က သိသိသာသာ ရောက်လာပြီး တင်းကြပ်နေအောင် ဆုပ်ကိုင်လာခဲ့သည်။

ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞Where stories live. Discover now