Part 6

11.4K 118 1
                                    

ကြမ်းတမ်းသောအမှောင်ညများ-(Part-6)🚨🚨🚨

ပထမဆုံး သွားဖြစ်တာက ရေခဲမုန့်ဆိုင်ကို သွားပြီး မင်းဆက်လေးနဲ့ ဥဒေါင်းလေးအတွက် ရေခဲမုန့် မှာပေးသည်။ ရေခဲမုန့်တွေ ကိုကြီးကိုယ်တိုင် ယူပေးသည်။ ဒါပေမဲ့ ရေခဲမုန့်က ဥဒေါင်းနဲ့မင်းဆက်အတွက် နှစ်ခွက်ပဲ လက်ထဲ ပါလာသည်။

ကိုကြီးကရေခဲမုန့်မကြိုက်တတ်ဘူးနဲ့ တူပါတယ်။ ကိုကြီးကစိတ်ရှည်လက်ရှည်နဲ့ ဥဒေါင်းတို့ စားနေတာကို ထိုင်စောင့်ပေးသည်။

စောင့်ပေးနေတုန်း ဖုန်းလေးဝင်လာတော့ ကိုကြီးက ..

''ဥဒေါင်းမြူ သားကိုခဏကြည့်ပေးထား၊ အလုပ်ကိစ္စ ဖုန်းဝင်လာလို့ ကိုယ် ခဏသွားပြောလိုက်ဦးမယ်''

''ဟုတ်ကဲ့''

ကိုကြီးက အလုပ်ကိစ္စပြောဖို့ ဖုန်းကိုင်ကာ ထွက်သွားသည်။ ဆိုင်လေးထဲမှာ မင်းဆက်နဲ့ ဥဒေါင်း နှစ်ယောက်တည်း ကျန်ခဲ့သည်။ ရေခဲမုန့် စားထားတော့ နှုတ်ခမ်းရဲ့ နံဘေးမှာ အနည်းငယ်ပေပွနေတာမို့ ဥဒေါင်းလေးက မင်းဆက်နှုတ်ခမ်းလေးကို ရယ်၍ သုပ်ပေးနေခဲ့သည်။

ထိုစဥ် ဥဒေါင်းမြူကပဲ စိတ်ထင်လို့လားမသိဘူး။ သူတို့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေတယ်လို့ ခံစားနေရသည်။ နံဘေးပတ်ဝန်းကျင်ကို နည်းနည်းလောက် တစ်ဝိုက်ဝေ့ဝိုက်ကြည့်တော့ အမျိုးသမီးတစ်ယောက်က သူတို့နှစ်ယောက်ကို စိုက်ကြည့်နေမှန်း သိလိုက်ရသည်။ အဲဒီအမျိုးသမီးက ဥဒေါင်းလေးတို့နဲ့ မျက်လုံးချင်းဆုံတာတောင်မှ အဲဒီအမျိုးသမီးက အကြည့်က မလွှဲဘဲ ဆက်စိုက်ကြည့်နေခဲ့သည်။ ဥဒေါင်းလည်း အမှုမဲ့အမှတ်မဲ့ ထားလိုက်ပေမဲ့ နောက်ငါးမိနစ်ကြာတဲ့အထိ အဲဒီအမျိုးသမီးက ကြည့်နေတာမို့ စိတ်ရှုပ်လာရသည်။

အမျိုးသမီးက ဥဒေါင်းတို့ဆီ ဒေါက်ဖိနပ်နဲ့ တဒေါက်ဒေါက်မြည်အောင် လျှောက်လာခဲ့ပြီး ..

''တွေ့ရတာဝမ်းသာပါတယ်''

တစ်ခါမှမမြင်ဖူးတဲ့အမျိုးသမီးက လာမိတ်ဆက်တော့ ဥဒေါင်းဘာလုပ်ရမှန်းမသိတော့ပေ။ မျက်နှာမှာလည်း မိတ်ကပ်တွေ မှုန်နေအောင် လိမ်းခြယ်ထားခဲ့သည်။ ဝတ်ပုံစားပုံက တကယ့်အလန်းဇယား။ အထက်တန်းလွှာအမျိုးသမီးတစ်ယောက်က ဘာလို့ လာနှုတ်ဆက်တာပါလိမ့်။ ဥဒေါင်းလည်း ပြုံး၍ ပြန်နှုတ်ဆက်သည်။

ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞Where stories live. Discover now