Part 8

12.9K 119 2
                                    

ကြမ်းတမ်းသောအမှောင်ညများ-(Part-8)🚨🚨

ဦးသီဟဘုန်းပြည့် ဒေါ်ပန်းဟေနွယ်တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ ဇမ္ဗူဒီပါဆိုတဲ့ နာမည်သုံးလုံးနဲ့တင် မင်္ဂလာဆောင်ဟိုတယ်ကြီးတစ်ခုလုံးက လူတွေအများကြီး သောသောညံ့ လာရောက်အားပေးတက်ရောက်ကြသည်အထိ အရှိန်အဝါ ကြီးမားပါသည်။ တက်ရောက်တဲ့လူတိုင်း သူတို့နယ်ပယ်မှာ သူတို့အထိုက်အလျောက် အောင်မြင်နေကြတဲ့လူတွေချည်းပါပဲ။ တချို့ဆို အနုပညာရှင်တွေတောင် တက်ရောက်ကြတဲ့ ဇမ္ဗူဒီပါနဲ့ ဥဒေါင်းမြူတို့ရဲ့မင်္ဂလာပါပဲ။ အန်ကယ်နဲ့အန်တီတို့ရဲ့အရှိန်အဝါကိုသိပေမဲ့ ဒီလောက်အထိ လူသိများအောင်မြင်ကျော်ကြားနေလိမ့်မယ်လို့ မထင်ခဲ့ဖူးပေ။ ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်တွေက တန်ဖိုးကြီးဝတ်စုံတွေနဲ့ လှသထက်လှ ဂုဏ်ချင်းပြိုင် ဖက်ရှင်ပြိုင်ပွဲကြီးတခုအလား..။

ဇမ္ဗူဒီပါက ဒီမှာပဲအခြေချတော့မယ်လို့ အပြီးအပိုင်ကြေညာပေးတဲ့နောက်မှာ နိုင်ငံခြားက အလုပ်တူတူတွဲလုပ်ဖူးကြတဲ့ ပါတနာတွေကပါ ဒီ မင်္ဂလာဆောင်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ တက်ရောက်အားပေးကြသည်။

ဥဒေါင်းမြူ ကြိုက်တတ်တဲ့ အစိမ်းရောင်မင်္ဂလာဆောင်ဝတ်စုံလေးနဲ့ ပန်းစည်းလေးကို ကိုင်ပြီး နည်းနည်းလေး အိုးတိုးအမ်းတမ်းဖြစ်ရသည်။ ဥဒေါင်းမြူဆိုတာက အဖေကဝန်ထမ်း .. ဝန်ထမ်းသားသမီးဖြစ်တဲ့အတွက် ဝန်ထမ်းဆိုတဲ့ သီးသန့်နယ်ပယ်လေးမှာပဲ ကြီးပြင်းခဲ့ရတာဖြစ်သည်။ ဒီလို လူတွေအများကြီး​နဲ့ အောင်မြင်ကျော်ကြားတဲ့ လူတွေပေါင်းစုံကို တစုတစည်းတည်း တစ်ခါမှမမြင်တွေ့ခဲ့ရဖူးသလို အဆင့်အတန်းရှိရှိအဆင့်အတန်းမြင့်မားတဲ့ နေရာမှာ ရောက်ရမယ်လို့ တစ်ခါမှအိပ်မက်တောင် မမက်ခဲ့ရဖူး။ ဒါပေမဲ့ အခုချိန်မှာ အားလုံးက ဥဒေါင်းမြူကို ကိုကြီးဇမ္ဗူဒီပါရဲ့ ဇနီးမယားတစ်ယောက်အဖြစ် အားပေးကြသည် နှုတ်ဆက်ကြသည် ရိုကျိုးကြသည် အားလုံးကအသိအမှတ်ပြုလက်ခံပေးကြသည်။

ဥဒေါင်းမြူကို လာနှုတ်ဆက်သမျှ လူတွေကို တစ်ယောက်မှမသိပေမဲ့ နှုတ်ခမ်ကတော့ နားပေါ် တက်ချိတ်မတတ် ပြုံးပြနေရသည်။ ဒီပွဲမှာ အပျော်ဆုံးကတော့ မင်းဆက်ဒီပါလေးပါပဲ။ မင်းဆက်ဒီပါက ပွဲလေးမှာ တော်တော်ပျော်နေတာ။ အန်တီနွယ် ဆင်ပေးတဲ့ အနောက်တိုင်းဝတ်စုံလေးနဲ့ မင်းဆက်ဒီပါရဲ့မျက်နှာက ကိုကြီးဆီကအမွေရထားတဲ့ ချောမောမှုလေးတွေနဲ့ အခန့်သားဖြစ်နေခဲ့သည်။

ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞Where stories live. Discover now