Part 7

10.8K 126 2
                                    

ကြမ်းတမ်းသောအမှောင်ညများ-(Part-7)🚨🚨🚨

''ငှက်ကိုပေးစမ်း''

ဥဒေါင်း လက်ထဲက ငှက်ကလေးကို ငြင်ငြင်သာသာ ဆွဲယူပြီး ဇမ္ဗူဒီပါကိုယ်တိုင် အပင်ပေါ်က အသိုက်လေးမှာ သေသေချာချာ ပြန်သွားထားပေးခဲ့သည်။ ယောက်ျားရင့်မာကြီးတောင် အပင်ကြီးကို တော်တော်လေး အားစိုက်တက်ရသည်။ အဲဒါကိုတောင်မှ ဂါဝန်တလွှားလွှားနဲ့ အဲဒီကလေးမက ဘယ်လိုများ လွယ်လွယ်ကူကူ တက်လိုက်ရတာပါလိမ့်။ သူမ ပြောတဲ့အထဲမှာ အဲဒီငှက်သိုက်ထဲက စာကလေးဥက ခဏခဏဥပုံရသည်။ ဒီလိုဥတဲ့အခါတိုင်း ကလေးမက ခဏခဏယူကြည့်နေတာ အလေ့အထတောင်ဖြစ်နေတဲ့ပုံပါပဲ။

''နောက်တခါ အပင်ပေါ်လုံးဝမတက်ရဘူး ကြားလား''

''ကိုကြီးနော်''

စာကလေးတွေ အသိုက်လေးတွေ ငှက်ကလေးတွေကို ကြည့်ရတာ ဥဒေါင်း ပျော်မိသည်။ အဲဒီလူကြီးမရှိခင်ကတည်းက ငှက်ဥဥတိုင်း ဥဒေါင်းလေးက ဒီလိုပဲ ယူကြည့်နေတဲ့ဟာကို။ အခုမှ လာပြီးပိုင်စိုးပိုင်နင်း လာပြောနေရတယ်လို့။ ဥဒေါင်းလည်း မကျေမနပ်ဖြင့် မျက်စောင်းလေးနဲ့ ပြန်ကြည့်လိုက်တော့ ဇမ္ဗူဒီပါကလည်း မလျော့သောမျက်နှာထားနဲ့ တယောက်ကိုတယောက် စိုက်ကြည့်နေခဲ့သည်။

မာမီပြောလိုက်တာကတော့ သူမနဲ့ ရင်းနှီးစေရန် ကလူဖို့ မြူဖို့ လွှတ်လိုက်တာဆိုပေမဲ့ အခုကျတော့ နှစ်ယောက်သားက ထမသ-- တ်ရုံတမယ်ပါပဲ။

''မင်းနဲ့တော့ကွာ ငါက မင်းဆက်ကိုပဲလိုက်ထိန်းရမလား မင်းကိုပတ်ထိန်းရမလား မသိတော့ပါဘူး၊ မသိရင် ကိုယ်က ကလေးထိန်းကျနေတာပဲ''

အေးလေ ယူရမှာကလည်း ကလေးပဲကို။ မာမီတိုက်တွန်းတုန်းက ဘာလို့ခေါင်းညိတ်လက်ခံခဲ့တာလဲမသိ ကိုယ့်ကိုယ်ကိုတောင် ပြန်နားမလည်နိုင်တော့သလိုဖြစ်ရသည်။ အဲဒီဒေါင်မလေးက နာမည်နဲ့လိုက်အောင် ငှက်ကလေးတွေဆို သိပ်ချစ်တတ်တာကိုး ။ သူမလုပ်နေတာနဲ့ပဲ လာရင်းကိစ္စကိုတောင် မေ့လုလုဖြစ်ရသည်။ အမေလွှတ်လိုက်တာက သူမနဲ့ ရင်းနှီးဖို့။

ဇမ္ဗူဒီပါ ဥဒေါင်းမြူရဲ့ လက်နုနုလေးကို ဆွဲပြီး ခြံလေးထဲက ခုံလေးဆီ ခေါ်လာခဲ့လိုက်သည်။ နောက်ကနေ သူမကလည်း ဇမ္ဗူဒီပါဆွဲခေါ်တဲ့အတိုင်း အသာတကြည် လိုက်လာသည်။ ထိုင်ခုံလေးနေရာက တစ်ယောက်စာပဲရှိတာမို့ ကိုယ်ခန္ဓာကြီးတဲ့ ဇမ္ဗူဒီပါက ထိုင်လိုက်တာကြောင့် ဥဒေါင်းအတွက် နေရာမရှိတော့တာမို့ ကားပေါ်မှာတုန်းကလိုပဲ သူ့ရဲ့ပေါင်တစ်ခြမ်းပေါ်မှာ သူမရဲ့ခန္ဓာကိုယ်သွယ်သွယ်လေးကို တင်လိုက်သည်။

ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞Where stories live. Discover now