# Unicode #
ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားလှသည့်.. ဧည့်ခန်းထဲဝယ် တိုက်ခတ်နေသည့်လေထုအငွေ့အသက်က အနည်းငယ် စိမ်းသက်နေသလို...
ဂျွန်အိမ်တော်ကနေ မိမိပိုင် ပစ္စည်းလို့ သတ်မှတ်လို့ရသည့်.. အဝတ်စားထုပ်ငယ်တစ်ခုနဲ့ မိသားစု ဓာတ်ပုံ တစ်ခုကို သေချာထုပ်ထားသည့် အထုပ်ငယ်ကို.. ရင်ဝယ်ပိုက်ကာ.. ကြမ်းပြင်ထက် ပုံ့ပုံ့လေးထိုင်နေသူက.. ခေါင်းလေးငုံ့ထားသလို.. မသိမသာ တုန်ယင်နေသည့် လက်ကလေးတွေက ကြောက်ရွံ့ခြင်းကို ဖော်ပြနေသယောင်...
တန်ဖိုးကြီးမားသည့် ကျွန်းကနုတ်ဆိုဖာထက်တွင် အုပ်ချုပ်သူက တင်ပလ္လင်ချိတ်ထိုင်ကာ အလိုလိူ အရှိန်အဝါကြီးမားစွာ တည်ရှိနေပြီး... ဘေးက ချန်းလ်ကတော့.. ခပ်မတ်မတ်အနေအထားဖြင့် ကျောက်ရုပ်တစ်ခုလို..
".. ဘာကြောင့်.. ကြမ်းပြင်ထက် ထိုင်နေတာလဲ.. ကောင်လေးငယ်.. ! "
ထိုအခိုက် မော့ကြည့်လာတဲ့ မျက်ဝန်းဝိုင်တွေက စိုက်ကြည့်နေတဲ့ မျက်ဝန်းညိုတွေနဲ့အကြည့်ဆုံသွားသည်။
ဂျောင်ဂုငယ်ရဲ့ ဘဝမှ ပထမဆုံးအကြိမ်.. သူစိမ်းတစ်ဦးဆီက.. ကြင်နာသည့်အခေါ်အဝေါ်ကို ကြားရတာမို့.. အံ့ဩသွားသည်။ မိဘတွေမရှိတော့တည်းက အနှိမ်ခံဘဝသာသာ သူအတွက်တော့.. အခုလို အကြင်နာတရားစွန်းထွက်နေတဲ့ အသံမျိုးက ပထမဆုံးနှယ်။
"... ဟို... ဟို... မ.. မကြိုက်မှာ.. ဆိုးလို့ပါ.. ကျွန်.. ကျွန်တော်က.. မျိုး.. ရိုးနှိမ့် ဆိုတော့လေ.. "
တုန်တုန်ယင်ယင်လေးနဲ့ ထွက်လာကာ ခေါင်းငုံ့သွားတာမို့.. အုပ်ချုပ်သူရဲ့ မျက်ခုံးတွေက တွန့်ချိုးသွားလေသည်။
" ဂျွန်အိမ်တော်ရဲ့ အမွေဆက်ခံသူက မျိုးရိုးနိမ့်ဆိုတော့.. ဒီမြို့သားတွေရဲ့ အဆင့်က တွေးကြည့်လို့တောင်ရတယ်...! သူဖုန်းစား သာသာဘဲပေါ့ !!"
မျက်ခုံးတစ်ဖက်ကို မြှင့်ကာ မထီတထီ ပုံနဲ့ ခပ်ထေ့ထေ့ပြောလာတဲ့ အုပ်ချုပ်သူက မျက်နှာထက် အမည်းစက် အနီစက်တွေ ရုပ်ဆိုးစွာ တည်ရှိနေပေမဲ့ အရှိန်အဝါက တော့ မပျောက်ပျက်။
YOU ARE READING
မြတ်နိုးခြင်းသည် ချစ်ခြင်းမည်၏။
Tarihi Kurguမြတ်နိုးခြင်းကို အချစ်လို့ ခေါ်ရင် ကိုယ်မင်းကို ချစ်တယ် ကောင်လေးငယ် 🌼