4 𐙚

1.5K 238 118
                                    

သူ သဝန်တို သွားတယ်ဆိုတဲ့ ဘက်က မေးခွန်းဆယ်စုံ။


ဆောနူ မျက်လုံးမပွင့်တပွင့်ဖြင့် သူ့ရဲ့ ဝမ်းဗိုက်
အောက်ခြေမှ လိမ့်တက်လာသော နာကျင်မှုကို
သည်းခံရင်း ချွေးစေးလေးများ ထွက်လာ၏။

ထိုသို့ဖြင့် အမြင်မှုန်ဝါးနေသည့်တိုင် သူ့ဘေးတွင်
ရှိနေသည့် မိခင်ဖြစ်သူ၏ အေးစက်စက်အသံကို
တော့ကြားနေရဆဲပါပင်။

" တကယ်ပဲ၊ ဘာတွေ လုပ်ခဲ့လို့ oestrus ကာလ
က စောရောက်လာတာလဲ "

ထို့နောက် လက် မောင်းမှ ဆေးထိုးသွင်းလိုက်
သည့်အသိကို ခံစားလိုက်ရသည်။ သူ့ရဲ့ ဖယ်
ရိုမုန်းတွေ တဖြည်းဖြည်း ပြန်တည်ငြိမ်လာပြီး
မသက် မသာခံစားချက်လည်း လျော့ပါးသွား
တော့မည် ဖြစ်သည်။

" ရပြီ၊ ပြန်ယူသွားတော့.." မိခင်ဖြစ်သူက ဆေးထိုး အပ်တွေကို အိမ်စေတွေဆီပြန်ထည့်ပေး
လိုက်ပြီး ဆောနူကို ရင်ဘတ်အထိ စောင်ခြုံပေး
လိုက်သည်။

" အဲ့ကလေးက မိသားစုထဲမှာ အရမ်းအလိုလိုက်
ခံထားရတာ။ အမွေဆက်ခံဖို့လည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကိစ္စတွေ ပိုပြီး နက်နဲမလာခင် လမ်း ခွဲလိုက်တာ ဘယ်လိုလဲ "

ဆောနူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း..

" အမေအတွေးလွန်နေပြီ။ ကျွန်တော် သူ့ကိုအဲ့
လောက်ထိ မစဉ်းစားထားဘူး "

" တကယ်လား.."

အိုမီဂါမိခင်မှာ သူ့ကို မယုံသင်္ကာ ကြည့်လိုက်ပြီး
နောက် ထပ်မေးလာ၏။ ဆောနူက သိသာနေ
သည့် အဖြေလို စဉ်းတောင် မစဉ်းစားဘဲဖြေ
လိုက်၏။

" ဒါပေါ့.."

ထိုသို့ ဖြေလိုက်ပြီးနောက် သူ့မျက်လုံးကိုမှိတ်
လိုက်ကာ အိပ်ရန် အဆင်သင့်ဖြစ်နေပုံကို ပြ
လာသောကြောင့် အိုမီဂါမိခင်လည်း ပြန်ထွက်
သွားတော့သည်။ တံခါးပိတ်သံထွက်ပေါ်လာ
ပြီးနောက် မှ ဆောနူ မျက်လုံးများကို ပြန်ဖွင့်
လိုက်သည်။ စားပွဲပေါ်တင်ထားသည့် ဖုန်းမှာ
နိုတီ ဝင်လာသည်။ အမှန်တွင်တော့ ဖုန်းခေါ်
ဆိုမှုများလွတ်သွားသော်လည်း ထိုသူက စာ
ထပ်ပို့လာခြင်းဖြစ်သည်။ ဆောနူ စားပွဲပေါ်မှ
မျက် မှန်ကို ကောက်တပ်လိုက်ပြီး စာဝင်ဖတ်
လိုက်၏။

Any questions ? Where stories live. Discover now