5 ❀

1.7K 257 111
                                    

ငါမင်းကို အလိုလိုက် မယ်လေ၊ မကောင်းဘူးလား။

ဆောင်းဟွန်း သူ့ရဲ့ ဗလာနှင့်တူသော အိမ်ထဲသို့
ဝင်လာပြီးနောက် ထုံးစံအတိုင်း ရေမချိုးခင် သူ
ပြန်ရောက်ကြောင်း ဆောနူကို စာပို့ထားခဲ့၏။
ထိုအရာမှာ နေ့စဉ်အလုပ်တစ်ခုလို ဖြစ်နေသော်
ငြား အိုမီဂါက သူ့ကိုဂရုစိုက်တာ ကောင်းတဲ့ကိစ္စ
သာ ဖြစ်တာကြောင့် ဝန်ထုတ်ဝန်ပိုးကို မခံစားရ
စေပါ။

သို့သော် တစ်ဖက်တွင် ဆောနူမှာလည်း ဟီဆွန်း
နှင့်အတူ ဉာဏ်စမ်းမေးခွန်းတွေ ဖြေနေရသည်
ဖြစ်၍ ဆောင်းဟွန်းကို စာမပြန်လိုက်နိုင်။

သူ့ရည်းစားက စာမပြန်သည့်အပြင် လုပ်စရာ
ပရောဂျက်လည်း မရှိတော့သည့် ဆောင်းဟွန်း
မှာ အိပ်ခန်းထဲတွင် ပရိုဂျက်တာဖြင့် တွေ့ရာ
ရုပ်ရှင်တစ်ခု ထိုးကြည့်နေလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် ဇာတ်ကားက သုံးပွင့်ဆိုင်
ဖြစ်သည့်အပြင် မင်းသားက အလွန်ချောမော
သည့် ထိပ်တန်းကျောင်းသား ဖြစ်နေပြီး ဒုတိယ ဇာတ်လိုက်ကတော့ မော်တော်ဆိုင်ကယ်တစ်စီး
ဖြင့် ကျောင်းစည်းကမ်းမလိုက်နာတတ်သည့်
လွတ်လပ်မှုကို နှစ်သက်သူဖြစ်နေလေသည်။

ဆောင်းဟွန်း ကြည့်နေရင်းဖြင့် အလိုမကျစွာ
စက်ကို ပိတ်ပစ်လိုက်တော့၏။ ဘာလို့ သူ့လို
ကာရိုက်တာမျိုးက ဒုတိယဇာတ်လိုက်ဖြစ်နေ
ရတာလဲ။ သူတို့က ဘာဖြစ်နေလို့လဲ။

လီဟီဆွန်းကမိဘတွေက သဘောတူထားတဲ့လူ။
သူကတော့ အိုမီဂါရဲ့ heat ကိုတောင် ဂရုစိုက်
ပေးခွင့်မရှိဘူး။ ဒီလိုနဲ့ တစ်ချိန်ကျရင် သူတို့ရဲ့
အခု ဆက်ဆံရေးကလည်း ဘာမှ မဟုတ်သလို
ပြီးသွားပြီး ဂင်ဆောနူကလည်း တစ်ခြားအယ်
လ်ဖာနဲ့ oestrus ကာလတိုင်းကို အတူတူဖြတ်
သန်းပြီး တစ်ခြားအယ်လ်ဖာ အမှတ်အသား
ပေးတာကို ခံလိုက်ရမှာ မဟုတ်ဘူးလား။

ဒါက လက် မခံချင်စရာပဲ။

အချိန်ကား ကိုးနာရီကျော်နေပြီ ဖြစ်ပြီး ဆောနူ
က စာပြန်မလာသေးပေ။ ဆောင်းဟွန်း ကုတင်
ပေါ်တွင် ကိုယ်တစ်ပိုင်းလှဲချလိုက်ရင်းဖြင့် ဖုန်း
ကိုတော့ လက်ထဲတွင်သာ ဆုပ်ကိုင်ထား၏။

Any questions ? Where stories live. Discover now