22 ࣪ ִֶָ☾.

2.7K 269 173
                                    

|| တိုက်ပွဲ အစ။



‌ဘေစင်မှရေပိုက်ခေါင်းကို ဖွင့်ချလိုက်ပြီးရေများ
ကို လက်နှင့်ခံယူ၍ သူ့မျက်နှာကို သစ်ချလိုက်
သည်။ ငိုထားသည်ကို မသိသာစေရန် တစ်သျှူး
ဖြင့်ပါ သေချာသုတ်လိုက်၏။ ဆောနူ သူ့မျက်နှာ
အား မှန်ထဲတွင် ကြည့်လိုက်ရင်း မျက်နှာအကြော
များကို လျှော့၍ နှုတ်ခမ်းကို ပြုံးကြည့်လိုက်သည်။

" ရပြီ.. "

ဆောနူ သန့်စင်ခန်းအပြင်ကို ထွက်လာတော့တံခါး ရှေ့တွင် နံရံကိုမှီလျက် လက်ပိုက်ကာ
စောင့်နေသည့် ဆောင်းဟွန်းကို တွေ့လိုက်ရ
သဖြင့် အနည်းငယ် အံ့အားသင့်သည့်ပုံစံလေး
ဖြစ်သွားလေသည်။ ဆောင်းဟွန်းက သူ့ကိုမြင်
တော့ မှီနေရာကနေ ကိုယ်ကိုမတ်လိုက်ရင်းသူ့
ဆီလျှောက်လာပြီး သူ့လက်ထဲမှ အပေါ်ထပ်
အင်္ကျီအား ဆောနူ၏ ပုခုံးပေါ်မှတစ်ဆင့်ခြုံ
ပေးလာ၏။

" နည်းနည်းကြာလို့ လိုက်လာတာ။ အခုနေရ
တာ အဆင်ပြေသွားပြီလား "

ဆောနူက သူ့ပုခုံးပေါ်မှ အင်္ကျီလေးကို ပြန်ဆွဲတင် လိုက်ရင်း ဆောင်းဟွန်းအားမော့ကြည့်လျက် ပြုံး
ပြလိုက်၏။

" အင်း၊ အဆင်ပြေတယ် "

ဆောင်းဟွန်း ဆောနူ၏ မျက်လုံးများအား ခဏ
လောက်ရပ်၍ သေချာကြည့်နေသဖြင့် ဆောနူက
တစ်ခုခုကို ဖုံးကွယ်လိုသည့်အလား မျက်လွှာချ
လိုက်လေသည်။ ဆောင်းဟွန်းက ထိုအရာအား
မမြင်ချင်ယောင် ဆောင်လိုက်ပြီး ဘာမှမဖြစ်သ
ကဲ့သို့ ဆောနူကို ပုခုံးမှ ထိန်းကိုင်လိုက်၏။

" သွားရအောင် "

ထိုသို့ဖြင့် ဆိုဟီးတို့ ဇနီးမောင်နှံနှင့် ယွန်းဆောကို
ဝင်နှုတ်ဆက်လိုက်ကာ နှစ်ဦးသား မိမိကားကို
ကိုယ်စီ‌မောင်းနှင်လျက် ပြန်လာခဲ့သည်။ မီးပွိုင့်
တွင် ဆောနူနှင့် ဆောင်းဟွန်းတို့်မှာ ကားကိုရှေ့
ဆင့်နောက်ဆင့် ရပ်လိုက်ရပြီး တစ်ဦးချင်းစီတွင်
အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ၏။

ဆောနူကတော့ မကြာသေးခင်က ဆောင်းဟွန်း
၏စကားကို ပြန်ကြားယောင်ရင်း ရင်တွေလေး
နေကာ steering အားတင်းတင်းဆုပ်ကိုင်ထား
မိစဉ် ဆောင်းဟွန်းကတော့ အေးစက်ကာခန့်မှန်း
မရသည့် မျက်နှာဖြင့် ရှေ့တည့်တည့်ကိုသာစိုက်
ကြည့်နေလေသည်။ မီးစိမ်းလာချိန်တွင် ဆောင်း
ဟွန်းမှာ ကားဂီယာကို တစ်ချက်တွန်းလိုက်ပြီး
လီဗာနင်းလိုက်တော့သည်။

Any questions ? Where stories live. Discover now