အတူတူရှိရအောင်။
ဆောနူ မျက်ခွံတို့ကိုဖွင့်လိုက်စဉ် အခန်းမှာ
မှောင်နေပြီး သူ့ခေါင်းရင်းမှ လရောင်ပြာပြာ
လေးက မြင်ရသည်ဆိုရုံသာ ဖြာကျနေ၏။" ဟင်းး "
ဆောနူ ငြီးညူလိုက်သည်။ စောင်ထဲတွင်လုံး
ထွေးရင်း ခန္ဓာကိုယ်က တစ်စုံတစ်ရာကိုလိုက်
ရှာနေမိပြီး တစ်သိမ့်သိမ့်နှင့် မြင့်တက်လာသော
အပူလှိုင်းတွင် သူ့ကိုယ်သူ ဖြစ်တည်မှုပျောက်
ဆုံးတော့မလိုခံစားလာရ၏။ထိုစဉ် အခန်းတံခါးမှာ ဖြည်းဖြည်းချင်းပွင့်လာ
ပြီး မှုန်ဝါးနေသော အမြင်အာရုံတွင် အရိပ်သဲ့သဲ့
ကိုသာမြင်ရသော်လည်း ထိုသူက ဆောင်းဟွန်း
မှန်း ဆောနူ သိလိုက်ပါ၏။" ဆောင်းဟွန်းလား "
" အင်း "
ဆောနူ ကုတင်ကို တံတောင်နှင့်ထောက်၍ကိုယ်
တစ်ပိုင်းကို ကုန်းရုန်းထလိုက်ပြီး သူလက်လှမ်း
မမှီသည့် နေရာတွင်ရှိနေသော ကျောပိုးအိတ်ကို
လက်ညှိုးထိုးပြလိုက်၏။" ဆောင်းဟွန်းနား~~ ငါ heat ဝင်နေပြီထင်တယ်.."
တစ်စပ်တည်းတွင်ပင် heat ဝင်နေသည့်အိုမီဂါ
နှင့်အတူရှိနေသည့် အယ်လ်ဖာတစ်ယောက်တွင်
ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ အနေကြပ်ကာစိတ်
အနှောင့်အယှက် ဖြစ်မှုလည်း ရှိနေနိုင်တာဖြစ်
လို့ ဆောင်းဟွန်းကို စိတ်အေးအေးထားရန်ပါ
ဖြောင်းဖြလိုက်သည်။" အရမ်းလန့်မသွားနဲ့။ ငါ့ကျောပိုးအိတ်ထဲမှာ
ထိန်းချုပ်ဆေးပါတယ်။ ဒီတိုင်း ဖွင့်ပြီး အဖုံး
ချွတ်ပြီး ထိုးလိုက်ရုံပဲ.. "ဆောနူ သူ့ရဲ့ ရှပ်အင်္ကျီက လက်ရှည်ဖြစ်နေတာကြောင့် လိပ်တင်မရသဖြင့် ကြယ်သီးကိုဖြုတ်ကာ ကော်လံမှသည် ဆွဲချ၍ လက် မောင်းကို
ဖော်ကာ အဆင်သင့်စောင့်နေလိုက်၏။" ဘာလုပ်နေတာလဲ၊ မြန်မြန်မလုပ်ဘဲ.."
သို့သော် ဆောင်းဟွန်းက ဆေးဗူးနှစ်ဗူးစလုံးကို
ကိုင်လျက် ကုတင်ပေါ်မှထသွားပြီး အခန်းထောင့်
တွင် သူ့ကို ကျောခိုင်း၍ ရပ်နေ၏။ ထို့နောက် သူ
မြင်အောင်ပင် ဆေးဗူးတွေကို အခွံချွတ်လိုက်ကာ
ဆေးထိုးအပ်ထဲမှ ဆေးရည်အားလုံးကို အမှိုက်ပုံး
ထဲ ညှစ်ထည့်၍ အပ်ကိုပါ လွှင့်ပစ်လိုက်၏။
YOU ARE READING
Any questions ?
RomanceABO world , comedy and melodrama #WRITTEN_IN_BURMESE #SUNSUN