|| မကြားလိုက်နိုင်သည့် စကား။
" အဖေ.."
ကားပေါ်မှ ဆင်းလာသည့် ဖခင်ဖြစ်သူကို မြင်
လိုက်စဉ် ဆောနူ တုန်ယင်စွာ ရေရွတ်လိုက် မိ သည်။ အတွင်းရေးမှူးဖြစ်သူက ကားပေါ်မှ
အလျင်စလိုဆင်းလာပြီး တစ်ဖက်ခြမ်းသို့အ
ပြေးလေးသွားကာ ကားတံခါးကို ဖွင့်ပေးလာ
လေ၏။ လွှမ်းမိုးကာ ပြင်လွယ်ပြောင်းလွယ်
မရှိတတ်သော အရှိန်အဝါဖြင့် ဂင်မ်လူကြီးမင်း
သည် ကားပေါ်မှ ဆင်းလာခဲ့၏။ ထို့နောက်
သူ့အိမ်ရှေ့မှ လက်ရှိအခြေအနေအား အရင်ဆုံး အကဲခတ်နေစဉ် ဖခင်ဖြစ်သူ၏ မြင်ကွင်းထဲမှ
ဆောင်းဟွန်းကို ကွယ်သွားစေရန် ဆောနူဖခင်
ရှိရာဆီသို့ အရှေ့မှ ပိတ်၍ မတ်တပ်ရပ်လိုက်
လေသည်။" အဖေ.."
ဆောနူ၏ အသံတွင် အနည်းငယ်စိုးရိမ်စိတ်နှင့်
တောင်းပန်တိုးလျှိုးသံတို့ ယဲ့ယဲ့လေးပါဝင်နေ
လေသည်။ဂင်မ်လူကြီးမင်းသည် ဆောနူ၏ မျက်နှာကိုစေ့
စေ့ကြည့်လာ၏။ ထို့နောက် ဆောနူ၏ ခေါင်းကို
ကျော်လျက် အနောက်တွင်ရပ်နေသည့် သူငယ်
အား အကြည့်တစ်ချက်ပို့လိုက်သည်။ဤသည်မှာ ဆောင်းဟွန်းနှင့် သူ နှစ်ကြိမ်တိုင်တိုင် မျက်နှာချင်းဆိုင် ဆုံတွေ့ခြင်း ဖြစ်သည်။
ပထမအကြိမ်တွင် သားဖြစ်သူအား ပြန်လည်
ခေါ်ယူခဲ့ရစဉ်ကဖြစ်ပြီး ဒုတိယအကြိမ်ကား ယခု
သူ့အိမ်ရှေ့တွင်ပင် ဖြစ်သည်။ ထိုသူ့ဆီမှ ရသည့်အကြည့်နှင့်အရှိန်အဝါမှာ အမှန်ပင် သာမာန်လူများအား မိမိဖြစ်တည်မှုကို ပြန်မေးခွန်းထုတ်မိပြီး အလိုလိုခေါင်းငုံ့သွားစေနိုင်လေ၏။ သို့သော်
ဆောင်းဟွန်းက ထိုသူ့မျက်ဝန်းအား အကြည့်မလွှဲဘဲ ပြန်စိုက်ကြည့်နေလေ၏။ဆောနူ ပါးနပ်စွာနှင့် ဖခင်ဖြစ်သူ၏လက် မောင်း
ကို တွယ်ချိတ်လိုက်ပြီးပြောလိုက်၏။" ပင်ပန်းလာတယ်မလား။ ကျွန်တော်နဲ့အတူ
အပေါ်တက်ရအောင်.."ဂင်မ်လူကြီးမင်းသည် မျက်နှာတွင် ဒေါသတစ်စုံ တစ်ရာမပြဘဲ ဆောင်းဟွန်းဆီမှ အကြည့်လွှဲကာ
ဆောနူ ခေါ်ရာအတိုင်း အိမ်ထဲသို့လျှောက်ဝင်ရန်
ရွေးချယ်လိုက်၏။ ထို့နောက် သူသွားမည့်လမ်း
ကြောင်းတွင် ရှိနေသည့် ဟီဆွန်းက ခါးကိုင်းကာ
နှုတ်ဆက်လာလေသည်။

YOU ARE READING
Any questions ?
RomanceABO world , comedy and melodrama #WRITTEN_IN_BURMESE #SUNSUN