|| အပျက်အစီးများ
ဂျယ်ယွန်း : ဒီမှာဗျာ.. ရပါပြီ..
ဂျယ်ယွန်းက ၂၄ နာရီစတိုးအတွင်းမှ စတော်
ဘယ်ရီ juice တစ်ခွက်ဝင်လုပ်လာပြီး ဂျောင်
ဝန်းရှေ့ချပေးလိုက်၏။ဂျေး : အဲ့တာ ချဉ်တယ်၊ ဒါလေးသောက်ကြည့်..
ဂျေးက အနောက် မှ ထပ်ကြပ်မကွာ လိုက်လာ
ကာ ချောကလက်ခရမ်မီအရသာတစ်ဗူးကိုချက်
ချင်း ပိုက်တပ်၍ ချပေးလိုက်၏။သူတို့ ယခု ၂၄ နာရီ စတိုးရှေ့ရှိ ထီးရွက်အောက်
တွင် သုံးယောက်ထိုင်ရန် စီစဉ်ထားတာဖြစ်၏။
ဂျေး နှင့် ဂျယ်ယွန်းကတော့ ထိုင်ချင်ရုံပဲဆိုပေ
မယ့် ဂျောင်ဝန်းက သူတို့စာမလုပ်ရင်လည်း မ
လိုက်ဘူး ပြောတာကြောင့် ဂျောင်ဝန်းရှေ့မှာစာ
လည်း လုပ်ပြရဦးမှာပင်။ဂျောင်ဝန်းကတော့ ထိုနှစ်ယောက် အားအားရှိ
သူ့ကို မျက်နှာကောင်းရအောင် ယှဉ်ပြိုင်နေကြ
တာကို အသားကျနေပြီ ဖြစ်ရာ ထူးပြီးပြောမနေ
ချင်တော့။ဂျယ်ယွန်း : ရား.. မင်းကို လူတစ်ယောက်တည်း
ကြိုက် မိတဲ့ထိ ငါခွင့်လွှတ်တယ်။ ဒါပေမယ့် ငါ
လိုက်တဲ့ ပုံစံအတိုင်းတော့တစ်ေထရာတည်းလိုက်
မလုပ်နဲ့လို့ ငါပြောထားလား မပြောထားဘူးလား..ဂျေးက ခါးထောက်ကာ ဟက်ခနဲ ရယ်လိုက်ပြီး
ဂျယ်ယွန်းကို ပြန်ပြော၏။ဂျေး : ဒီမှာ.. သဘောကျတဲ့သူကို အချိုရည်ဝယ်ပေးတာ မင်းစလုပ်တာ မို့လို့လား။ မင်းပိုင်တာမို့လို့လား၊ မင်းမူပိုင်ခွင့်ရထားလို့လား။ ပေးချင်ပေး ငါတို့သုံးယောက်ထဲမှာ အရင်စလုပ်တဲ့ ပတ်
ဆောင်းဟွန်းကို ပေးမှာပေါ့ !!ဂျောင်ဝန်းက စတော်ဘယ်ရီကို အရင်သောက်
ကြည့်လိုက်တော့ မျက် မှောင်ကျုံ့သွားသည်။
ချဉ်လွန်းတယ်။ ချောကလက်ခရမ်မီကကျ ချို
လွန်းတယ်။" နှစ်ခုလုံး သောက်ကောင်းတယ်ဗျ "
ရန်ဖြစ်နေသည့် နှစ်ယောက်သားက ဂျောင်ဝန်း
၏ စကားကြောင့် ဂျောင်ဝန်းကို ကြည့်လိုက်စဉ်
ဗူးနှစ်ဗူးလုံးကို ပါးစပ်တွင် တေ့ကာတစ်ပြိုင်
တည်း ရောသောက်နေသည့် ဂျောင်ဝန်းကိုတွေ့
လိုက်ရသည်။
YOU ARE READING
Any questions ?
RomansaABO world , comedy and melodrama #WRITTEN_IN_BURMESE #SUNSUN