|| မင်းပဲရှိရင်။
ပို၍ မှောင်မိုက်လာသော ညအလယ်တွင် မိုးက
ဆက်၍ သည်းထန်စွာ ရွာနေဆဲဖြစ်သည်။ဆောင်းဟွန်း ဆောနူ၏ ဖုန်းအား ကောက်ပေး
ကာ သူ့လက်ထဲ ထည့်ပေးလိုက်ပြီးပုခုံးမှ ခေါ်၍
ကားတံခါးကို ဖွင့်ကာ ဝင်စေလိုက်၏။" အထဲ ဝင်ထိုင်နေ ၊ ကားကိုကြည့်လိုက်ဦးမယ်.."
သို့သော် ဆောနူက ဆောင်းဟွန်းဖွင့်ပေးထား
သည့် တံခါးကို ပြန်ပိတ်စေလိုက်ကာ နှာခေါင်း
တစ်ချက် ရှုံ့လျက် ပြောလိုက်၏။" ဟင့်အင်း၊ ငါ.. မင်းကို ထီးဆောင်းပေးမယ် "
ထို့နောက် ဆောင်းဟွန်း လက်ထဲမှ ထီးကို သူ့
လက်ထဲ လွှဲယူလိုက်၏။ ဆောင်းဟွန်းမှာ သူ့
အား နီရဲနေသည့် နှာထိပ်လေးနှင့် မျက်ရည်
ကြည်ဝိုင်းနေသည့် မျက်လုံးကိုဝင့်ကာ ပြော
လာသည့် အိုမီဂါလေးကို စိုက်ကြည့်နေလေ
သည်။ ထို့နောက် ထိုမျက်ဝန်းတောက်တောက်
လေးတွေကြားထဲ ခေါင်းမာမှုကို မြင်လိုက်ရ
တော့ သူစကားကို ထပ်မပြင်တော့ဘဲ အိုမီဂါ
၏ သဘောကျ လုပ်ခွင့်ပေးလိုက်၏။ဆောင်းဟွန်း စက်အဖုံးကို ဖွင့်ကာ ဟိုဟိုဒီဒီ
ကြည့်၏။ ဗိသုကာ ပညာရှင်လေးသည် စက်
အကြောင်း ဘာကိုမှ နားမလည်ပါ။ သို့သော်
လက်ကို ခေါက်တင်လျက် မိုးရေစိုနေသည့်
ပုံစံဖြင့် ကားပြင်နေသူမှာ အလွန်ဆွဲဆောင်
မှု ရှိနေကာ အကြိမ်ကြိမ် ခိုးကြည့်နေမိသည်
ကို မထိန်းချုပ်နိုင်တော့ချေ။သူကြည့်နေမိခိုက် ဆောင်းဟွန်းက နောက်လှည့်
လာသည်နှင့် ဆောနူ ပြာပြာသလဲ မျက်တောင်
ခတ်လိုက် မိသည်။" ပစ္စည်း အသစ်ထည့်မှ ရမှာ ၊ ဒီနေ့ညတော့
ဒီမှာ ထားခဲ့မှရတော့မယ်.."" ဟင်.. အော "
ဆောင်းဟွန်းကတော့ သူတို့ နောက်ထိုင်ခုံမပါ
တဲ့ စက်ဘီးတစ်စီးနဲ့ ဘယ်လို ပြန်ရမလဲဟု စဉ်းစားကာ အတွေးကြပ်နေ၏။ဆောနူကတော့ ဒီညကို မည်သို့ ပြန်ရမည်ကို
နည်းနည်းမှ စိတ်ပူရန် သတိမရဘဲ သူ့အတွေးထဲ
တွင် သူ့ရှေ့က လူသာ ရှိနေပြီးယခုအချိန်အကျိုး
သင့် အကြောင်းသင့် မတွေးခေါ်နိုင်ပါေတာ့ချေ။
![](https://img.wattpad.com/cover/371250034-288-k777863.jpg)
YOU ARE READING
Any questions ?
RomanceABO world , comedy and melodrama #WRITTEN_IN_BURMESE #SUNSUN