10 ⋆˚ 𝜗𝜚˚⋆

2.8K 278 174
                                    

the last night




" အခုပဲ အိမ်က ဆက်သွယ်လာပါတယ်။ သခင်
လေးက heat ဝင်သွားလို့ သုံးလေးရက်လောက်
ဆက်နေဖြစ်ဦးမယ်လို့ ပြောပါတယ် "

အယ်လ်ဖာဖခင်သည် အရေးကြီးဧည့်သည်နှင့်
တွေ့ရန် သွားသည့် လမ်းတွင်ဖြစ်သည်။

" ဟီဆွန်းနဲ့လား ? ထိန်းချုပ်ဆေး သုံးထားရဲ့
လား "

" ထိန်းချုပ်ဆေးသုံးပြီး အခန်းထဲမှာ အကာ
အကွယ်နဲ့ ရှိနေတယ်လို့ ပြောပါတယ်။သခင်
လေးဟီဆွန်းလည်း ရှိနေတာကြောင့် အရမ်း
စိတ်ပူစရာတော့ မရှိဘူးလို့ ပြောပါတယ် "

အယ်လ်ဖာဖခင်က အနည်းငယ်စဉ်းစားလိုက်
ပြီး အတွင်းရေးမှူးကို မေးလိုက်၏။

" ဒီကနေသွားရင် ဘယ်လောက်ကြာမလဲ "

" လေယာဉ်နဲ့ဆို သုံးနာရီပါ၊ ဥက္ကဌကြီး "

အယ်လ်ဖာ ဖခင်၏ မျက်နှာမှာ အနည်းငယ်
တင်းမာနေပြီး လက်ကနာရီကို ငုံ့ကြည့်လိုက်၏။ သူ နှစ်ရက်ခန့်ထပ်နေရန်တော့လိုသေးသည်။

" ဒီမှာ ကိစ္စဖြတ်လို့ ပြီးတာနဲ့ ချက်ချင်းလိုက်
သွားမယ်။ ဘာပဲပြောပြော ကလေးတွေချည်း
ပဲ လွှတ်ထားရင် တစ်ခုခုလွှဲချော်နိုင်တယ် "

" ဟုတ်ကဲ့ ဥက္ကဌကြီး "

အိုမီဂါ၊ အထူးသဖြင့်သူ့ရဲ့သားဖြစ်နေတဲ့အတွက် လက် မထပ်ခင် မှဲ့တစ်ပေါက်ပင် အစွန်းမခံနိုင်ချေ။ ဤသည်မှာ အိုမီဂါတစ်ဦးစောင့်ထိန်းရမည့်
ကျင့်ဝတ်ဖြစ်ပြီး ဂင်မ်အိမ်တော်၏ သိက္ခာတရား
လည်း ဖြစ်လေသည်။














ဆောနူအတွက် မူ oestrus ကာလတိုင်းဟာ
စိတ်ကသိကအောက် ဖြစ်စရာ အချိန်ကာလ
တစ်ခုထက် မပိုခဲ့‌သည်မှာ အတော်ကြာပြီဖြစ်
သည်။ ကျောင်းလည်း မသွားနိုင်ဘဲ၊ ဘယ်သူ့
ကိုမှလည်း လက်ခံတွေ့လို့မရနိုင်ဘဲ အခန်းထဲ
တွင် ရက်ပိုင်းမျှ အောင်းနေရသည်မှာ တစ်ခါ
တစ်လေ သူတောင် မသိလိုက်ဘဲ စိတ်ဓာတ်ကျ
သလို ခံစားခဲ့ရသည့် အချိန်များလည်းရှိသည်။

ထို့ကြောင့် oestrus ကာလတွင် ဆေးထိုးပြီး
မေးခွန်းဟောင်း လုပ်ရင်းနှင့်သာ အချိန်ကုန်
ခဲ့သည်။

Any questions ? Where stories live. Discover now