့
|| ဆောနူရား ! ငါတောင် မသိတဲ့ကိစ္စပါ !မနက်ခင်း နေရောင်ခြည် အပြည့် ဝင်ရောက်နေ
သော တိုက်ခန်းအတွင်း ဘဲလ်တီးသံမှာ သာယာ
နာပျော်ဖွယ်ပျံ့လွင့်နေ၏။ ဆောနူ အယ်လ်ဖာ
၏ လက် မောင်းပေါ်တွင် လူးလွန့်လိုက်ရင်းမျက်
လုံးနှစ်လုံးဖွင့်လိုက်လေသည်။ဆောင်းဟွန်းက အနောက် မှသည် သူ့လည်တိုင်
အား နမ်းရှုံ့လာပြီး " မောနင်း.." ဟု နှုတ်ဆက်
လေသည်။" ဘယ်သူလဲ မသိဘူး "
" ငါသွားလိုက် မယ် "
ဆောင်းဟွန်း ဆောနူအားတစ်ချက် နမ်းခဲ့ပြီး
ကုတင်ပေါ်မှ အပေါ်ပိုင်းဗလာဖြင့် ဆင်းသွား
လေ၏။ ဆောနူက အပြည့်အဝ မနိုးသေးပေ။
မနေ့ညက နှစ်ယောက်သား မိုးလင်းသည်အထိ
ဂိမ်းဆော့နေခဲ့ကြသည်မို့ ဖြစ်နိုင်တာက သူတို့
နှစ်နာရီလောက်ပဲ အိပ်ရသေးသည်ထင်၏။သူ့အိမ်ကို လာသည်မို့ သူ့ဧည့်သည် ဖြစ်နေမည်
မှာ သေချာသည်ပဲကို။ ပြီးတော့ သူ့အိမ်ကိုလာ
နိုင်တာက..ဆောနူ အိပ်ရာပေါ်မှ ငေါက်ခနဲ ထထိုင်လိုက်ပြီး
စောင်ကိုမကာ ကုတင်ပေါ်မှ အပြင်းဆင်းသွား
လိုက်သည်။" ပတ်ဆောင်းဟွန်း ?"
" လီဟီဆွန်း ?"ဆောနူ ဆောင်းဟွန်းနောက်ကို ရောက်လာတော့
သူတို့နှစ်ဦးအား မျက် မှောင်ကျုံ့လျက် ကြည့်နေ
သည့် ဟီဆွန်းအား တွေ့လိုက်ရလေသည်။ ဆော
နူတစ်ခဏတော့ ဟီဆွန်းနှင့် မျက်လုံးချင်းမဆုံနိုင်ဘဲ မျက်လွှာချလိုက် မိသည်။ ဆောင်းဟွန်းက
လည်း ဆောနူကို ကြည့်လာ၏။" ဟို.. ဆောင်းဟွန်း.."
ဆောနူက မထုံတတေးမျက်နှာလေးဖြင့် ဆောင်း
ဟွန်း၏ နာမည်ကို ခေါ်လာပြီးနောက် မှာတော့
ဆောင်းဟွန်း၏ မျက်နှာမှာ တည်တင်းသွားရ
တော့သည်။ပိတ်သွားသည့် တံခါးရှေ့တွင် သူ့ရဲ့ စွတ်ကျယ်
ကို ကိုင်ထားပြီး ဆောင်းဟွန်း မတ်တပ်ရပ်နေမိ
သည်။အခု.. သူက ကန်ထုတ်ခံလိုက်ရတာလား ?
လီဟီဆွန်း ရောက်လာလို့လေ..?
![](https://img.wattpad.com/cover/371250034-288-k777863.jpg)
YOU ARE READING
Any questions ?
RomanceABO world , comedy and melodrama #WRITTEN_IN_BURMESE #SUNSUN