အပိုင်း(၂)

40 1 0
                                    

ဆျာဟွန်း..

သူ၏ပြီးပြည့်စုံသော အနက်ရောင်ဆံပင်က နဖူးထက်ပြေပြစ်စွာရှိနေသည်မှာ အနီးဝန်းကျင်က အမှောင်ထုထဲ ဆွဲယူသွားတော့မယောင်။ဖြူဖျော့ဖျော့မျက်နှာနှင့်စူးရှနေသည့် မျက်လုံးတစ်စုံက အေးစက်စက်အသွင်အပြင်ကိုဖြစ်စေသည်။ပန်းသွေးရောင်နှုတ်ခမ်းက ကွေးညွတ်၍ အပြုံးတစ်ပွင့်အဖြစ် ပေးလာခဲ့သည်။

အခြားတစ်ယောက်သာဆို အနှီမျက်နှာလှလှလေးကြောင့် အကုန်လိုက်လျောပေးလောက်သည်မှာ ဧကန်ဖြစ်သည်။သို့သော် ရီဆွန်းသည် သူ့ကိုကြည့်သည်နှင့် ထူးဆန်းသော အေးစက်စက်ခံစားချက်တစ်မျိုးကိုသာ ရသည်။သူသည် ထိုအနက်ရောင် မျက်လုံးဆီကနေ အကြည့်မလွှဲနိုင်ချေ။

"မစ္စတာ ထယ်ရှစ်က ခင်ဗျားကို ပြောထားလောက်မှာပါ"

ဆာဟျွန်းသည် ရီဆွန်းအနား တဖြည်းဖြည်း တစ်လှမ်းချင်းကပ်လာလေသည်။ဝမ်ထယ်ရှစ်သည် ခဏက ရီဆွန်းနှင့်ဖုန်းပြောနေသူ၏နာမည်ဖြစ်သည်။ခဏလောက်တော့ သူ့အကြောင်းကိုရောင်းစားလိုက်တာက သူများလားဟုထင်သွားသည်။သို့သော် ဝမ်ထယ်ရှစ်သည် ထို့သို့သောသူမျိုးမဟုတ်ပါ။

ဝမ်ထယ်ရှစ်မဟုတ်ရင် ဘယ်သူကများ.....

ရီဆွန်းသည် ရုတ်တရက် အသက်ရှူမှားသွားခဲ့သည်။သူ့ဘာသာ ရှာတွေ့သွားတာလား?ဟုတ်မှာပေါ့ ဆာဟျွန်းပဲလေ။သူ့လိုလူမျိုးက အားများများစားစားစိုက်စရာမလိုဘဲ လိုချင်တာကိုရနိုင်သည့်သူမျိုးပင်။တကယ်ကို ကြောက်ဖို့ကောင်းသည်။အိမ်ကိုရော ရှာတွေ့သွားပြီလား?အိမ်ထဲကို ဝင်ရှာလောက်လား?

သို့သော် ဆျာဟျွန်းသူ့ကိုလာတွေ့သည်က ဘူတာရုံအရှေ့မှာဖြစ်သည်။သူ့အိမ်နှင့် နီးသည့်နေရာမဟုတ်ပါ။ဒီနေရာမှာ အလင်းရောင်က ရီဆွန်း၏မျက်နှာကို ဖုံးကွယ်ပေးနိုင်လောက်သည်အထိ မမှောင်နေခဲ့ပါ။

ဆျာဟျွန်းက ရီဆွန်းဆီ လျှောက်လာလေသည်။

"အရင်နှုတ်ဆက်ကြမလား မစ္စတာ ဂျောင်ရီဆွန်း"

ဆျာဟျွန်း၏အသံသည် နူးညံ့ညင်သာပြီးနွေးထွေးနေသည်။ရီဆွန်းသည် သူ့ရှေ့က ဆန့်ထုတ်ထားသောလက်ကို ကြည့်လိုက်သည်။လက်ချောင်းတွေကိုဆန့်ထားသည့်ပုံက ကြည့်ကောင်းနေပြီး တော်ရုံလက်မလျှော့တတ်သည့်ခံစားချက်မျိုးရစေသည်။

해의 흔적 [A Trace of the Wonder]  Where stories live. Discover now