အပိုင်း(၆)

15 2 0
                                    

ထိုနေ့ပြီးကတည်းက ရီဆွန်းသည် သူ့တိုက်ခန်းကနေ အပြင်ကိုလုံးဝမထွက်တော့ပေ။

မတိုင်မီက ဆျာဟွန်းနဲ့ဆုံလိုက်တိုင်း ထိုသူ၏အကြည့်တွေ အေးစက်နေသည်ကိုသာ တွေ့ဖူးခဲ့သော်လည်း အေးစက်စက်စကားတွေကနေတဆင့် သူ့အသွေးထဲအသားထဲကနေအေးစက်မှုကို ခံစားရသည်မှာတော့ ဒါပထမဆုံးပင်။လေသံက
ယဥ်ကျေးသည့်အငွေ့အသက်ရရင်တောင်မှ အသက်ကို နုတ်ယူမည့် ဆောင်းလေအေးက သူ့မျက်နှာကိုရိုက်ခတ်သွားသကဲ့သို့ပင်။

ထိုသူကို ငြင်းဆန်သင့်ကြောင်း ရီဆွန်း၏အာရုံက အလိုအလျောက်ပြောနေခဲ့သည်။သူသည် တစ်ယောက်ယောက်က ခြိမ်းခြောက်လာသည်ကို ဤမျှလောက်မကြောက်ခဲ့ဖူးပေ။ ယခုမူ မနှစ်မြို့မှုနှင့် သက်သောင့်သက်သာမဖြစ်မှုကို တစ်ပါတည်း ခံစားနေရသည်။သားရဲတစ်ကောင်၏ကြီးနိုင်ငယ်ညှင်းလုပ်သည်ကိုခံရသကဲ့သို့ ထူးဆန်းသည့် ခံစားချက်မျိုးပင်။ဒီတစ်ခါက် စကားပြောရသည်ကပင် သူ အတော်ပင်ပန်းနေပြီဖြစ်သည်။ထပ်တွေ့လို့ ကတော့ ပိုဆိုးရုံသာရှိမည်။

အကျဥ်းတိုက်အပြင်က အလုပ်လုပ်ရသော ရီဆွန်းကဲ့သို့ စွမ်းအင်နိုးထသူများသည် အမဲလိုက်သမားများနှင့်ကြုံဖို့ရာခက်သည်။တာဝန်ရှိသူများနှင့် လက်နက်လုပ်သူများကသာ အကျဥ်းတိုက်မှယူလာသည့် စွမ်းအင်ကျောက်တုံးများယူရန် အမဲလိုက်သူများနှင့် တွေ့လေ့ရှိသော်လည်း ပြန်လည်ပြုပြင်ထိန်းသိမ်းသူများနှင့်မူ အလှမ်းဝေးလေသည်။

Sအဆင့် ပြန်လည်ပြုပြင်ထိန်းသိမ်းသူတစ်ယောက်အနေနှင့် လူသိများသည့် ရီဆွန်းကိုပင် တစ်ခါတလေ အရင်လာနှုတ်ဆက်သည့် အမဲလိုက်သူများရှိခဲ့သော်လည်း လေးလေးနက်နက် စကားများကိုမူ ပြောဆိုခြင်းမရှိခဲ့ကြပေ။
ထိုကြောင့် လက်ရှိတွင် ဆျာဟွန်းကို သူ့အမြင်အပေါ် အခြေခံ၍သာ အကဲဖြတ်နိုင်သည်။

ဆျာဟွန်းသည် တခြားသူ၏အမြင်ကိုနားထောင်သလိုလို ယဥ်ကျေးသလိုလိုနှင့် ဟန်ဆောင်ထားပေမဲ့ သူလိုချင်သည့်အတိုင်းဖြစ်အောင် ဘာမဆိုလုပ်မည့်သူပင်။အနားမှာရှိသမျှလူတွေကို သြဇာပေးသည်ကို အသားကျနေသည့်သူ၊တစ်ဖက်လူက သူ့လုပ်ရပ်ကြောင့် မည်မျှပင် စိတ်မကျေမနပ်ဖြစ်နေပါစေ ခေါင်းထဲမထည့်ဘဲ ဆက်လုပ်မည့်သူမျိုးပင်။

해의 흔적 [A Trace of the Wonder]  Where stories live. Discover now