လွန်ခဲ့သည့် ၈နှစ်က ပထမဆုံးအကျဥ်းတိုက်ကြီးပေါ်လာချိန် ရီဆွန််းသည် သူ့သူငယ်ချင်းတွေနဲ့အတူ အလယ်တန်းကျောင်းပြီးလို့ ခရီးထွက်နေခဲ့တာဖြစ်သည်။
အထက်တန်းကျောင်းမတက်ခင် ဇန်နဝါရီလတုန်းက ၁၇နှစ်ပြည့်ပြီဖြစ်၍ မိဘများက သူ့ကိုသွားခွင့်ပေးလိုက်တာဖြစ်သည်။ဆိုးလ်ကိုသွားမည့် တစ်ရက်တာခရီးတိုလေးဖြစ်သည်။တစ်ရက်တည်းကို ခရီးထွက်သည်ဟုပြောရန်ရှက်ဖို့ကောင်းသော်လည်း သူတို့အကုန်လုံး အရမ်းကိုမှ စိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်။
ရီဆွန်းအပါအဝင် လူငယ်လေး ၇ ယောက်သည် အတူတူကြီးပြင်းလာသည့် ငယ်သူငယ်ချင်းတွေဖြစ်သကဲ့သို့ မူလတန်းကနေ အလယ်တန်းအထိ အတူတူတက်ခဲ့သည်ဖြစ်ရာ အထက်တန်းကိုလည်း တစ်ကျောင်းတည်းအတူတူတက်ကြမှာဖြစ်သည်။တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့နေပြီတို့ အော်ဂလီဆန်တယ်တို့ကို ပါးစပ်ကနေသာ နောက်ပြောင်ပြောနေကြပေမဲ့ ကျောင်းသွားလည်း တပူးပူးတတွဲတွဲပင်။အရွယ်ရောက်ပြီးလို့ "စွမ်းအင်နိုးထသူ" ဖြစ်လာလျှင် အဖွဲ့ဖွဲ့ဖို့ ကတိထားထားကြသည်။
ဆယ်စုနှစ်အနည်းငယ်က အကျဥ်းတိုက်နှင့်စွမ်းအင်နိုးထသူများ ပေါ်လာသောအခါ ကမ္ဘာကြီးက ကသောင်းကနင်းဖြစ်သွားခဲ့ပေမဲ့ လူသားများသည် မြန်မြန်ဆန်ဆန်ပဲ နေသားကျသွားခဲ့သည်။စွမ်းအင်နိုးထသူများကို ကွပ်ကဲရန်
နိုးထသူစီမံခန့်ခွဲမှုရုံးချုပ်ကို တည်ထောင်လိုက်ကြသည်။ပြီးနောက် တိုင်းပြည်၏အူတိုင်ဖြစ်လာခဲ့သည့် အမဲလိုက်သူများကို ကွပ်ကဲရန် အမဲလိုက်သူအဖွဲ့အစည်းကိုလည်း ဖွဲ့စည်းလိုက်ကြသည်။စွမ်းအင်မရှိသူများကို သာမန်ပြည်သူဟူ၍ခွဲခြားလိုက်သည်။မည်သည့်စွမ်းအင်မဆိုပိုင်ဆိုင်ထားသည့်သူကို စွမ်းအင်နိုးထသူအဖြစ် စာရင်းသွင်းလိုက်သည်။နိုးထသူများသည် လူဦးရေ၏ ၁၀ရာခိုင်နှုန်းရှိပြီး ထိုသူများ၏ ၁၀ရာခိုင်နှုန်းမှာမူ တိုက်ခိုက်ရေးလုပ်သည့်အမဲလိုက်သမားများဖြစ်သည်။
စွမ်းအင်နိုးထသူတစ်ယောက်သည် ငွေအများကြီးရှာနိုင်ပြီး စွမ်းအားပေါ်လာသည်က အသက်အရွယ်ပေါ်မူတည်သလို တစ်ယောက်နှင့်မတူကြပေ။အတိတ်တုန်းကဖြစ်ခဲ့သည့် အသက်မပြည့်သေးသည့်နိုးထသူများ၏ အမြတ်ထုတ်ခံရမှုများကြောင့် အသက် ၂၀ ပြည့်မှ စစ်ဆေးခံရန် အချိန်သတ်မှတ်လိုက်သည်။လူကုံထံများအသိုင်းအဝိုင်းက သူတို့ကလေးတွေကို တိတ်တခိုးစမ်းသပ်ကြသည်ဟု ကောလဟာလ ထွက်လာခဲ့သော်လည်း အမှန်တရားကိုမူ အတည်မပြုနိုင်ကြပေ။
![](https://img.wattpad.com/cover/366741880-288-k860742.jpg)
YOU ARE READING
해의 흔적 [A Trace of the Wonder]
ActionOriginal Author- 도해늘 Translator - ZEIN_Grain ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် HN ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ S အဆင့် အမဲလိုက်သူ ဆျာဟျွန်းသည် ဂျောင်ရီဆွန်းဆီလာတွေ့လေသည်။ " ကျွန်တော် ခင်ဗျားကို လာကမ်းလှမ်းတာပါ မစ္စတာဂျောင်" " သောက်ကျို...