အပိုင်း(၄)

23 2 0
                                    

မနက်၂နာရီအချိန် လမ်းတွေက မှောင်မဲနေသည်။

လမ်းဘေးတစ်နေရာမှာရပ်ရင်း မနက်ခင်းလေအေးကို တစ်ချက်ရှူရှိုက်လိုက်သည်။ဆိုးလ်မြို့သည် တကယ်ငွေဘုံကြီးပင်ဖြစ်သည်။ရီဆွန်း မြို့နဲ့ဝေးရာနေနေသည့်အချက်မှာ လူဦးရေထူထပ်၍ဖြစ်သည်။သို့သော် သည်တစ်ကြိမ်တွင်မူ မိုးသောက်ချိန်လာသည်ဆိုပေမဲ့ သူအရဲစွန့်၍လာတာဖြစ်သည်။

ပျက်စီးသွားသောရုံးဝင်းအနီးတစ်ဝိုက် အတော်လေးကိုမှ ဆိတ်ငြိမ်နေခဲ့သည်။အစောကတည်းက ရီဆွန်း မစ္စတာဝမ်ကို ပထမဆုံးတောင်းဆိုထားသည်မှာ နေရာအလွတ်ဖြစ်အောင်သေချာလုပ်ပေးရန်ပင်။တောင်းဆိုမှုကို ညည်းညူနေခဲ့သော်လည်း ရအောင်လုပ်ပေးရှာပါသည်။ပုရွတ်ဆိတ်တစ်ကောင်တောင်မတွေ့စေရဘူးဟူ၍ပြောခဲ့တာဖြစ်သည်။

ရီဆွန်းသည် ခေါင်းစွပ်အင်္ကျီဝတ်ထားကာ အဆောက်အဦးပျက်ကြီးရှေ့ရပ်လိုက်သည်။Bအဆင့်တိုက်ခိုက်ခံရမှုက အဆောက်အဦးထက်ဝက်နီးနီးပျက်စီးသွားစေခဲ့သည်။ဤကဲ့သို့သော အဆောက်အဦးပျက်ကြီးရှေ့ ရပ်နေရသည်မှာ ထူးဆန်းသည့် ခံစားချက်ကိုပေးသည်။ပုံမှန်ဆို ရီဆွန်းသည် အာရုံအစိုက်မခံရလောက်သော Dအဆင့်လောက်သာရှိသည့် အပျက်အစီးတွေကိုသာ ကိုင်တွယ်သည်။

သက်ပြင်းမောကိုချရင်း ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်သည်။လူမရှိသည်ကိုအတည်ပြုပြီးမှ ပျက်စီးနေသည့်နံရံဆီ လက်တင်လိုက်သည်။

ရွှစ်.... ချွတ်.... ဖြောက်ဖြောက်..

ကြမ်းခင်းပေါ်ရှိ အကျိုးအပဲ့အစအနများသည် တစ်ခုပြီးတစ်ခု သက်ဝင်လူးလွန့်လာသည့် အသံတအုန်းအုန်းထွက်လာလေသည်။အစအနအကြီးကြီးများက လေပေါ်ဝဲနေခဲ့သည်။ရီဆွန်း၏မျက်လုံးများက အာရုံစူးစိုက်မှုကြောင့်မှေးကျဥ်းနေခဲ့သည်။သူ့နံဘေးပတ်ပတ်လည်တွင် လေထုက ဝဲဂယက်ပုံစံ လည်နေသည်။ပထမတွင် နာရီလက်တံပုံလည်နေခဲ့ပြီးနောက်တွင် နာရီလက်တံပြောင်းပြန်လည်ပြန်သည်။၎င်းသည် အနီးပတ်ဝန်းကျင်ရှိလေထုကို ပြင်းပြင်းထန်ထန်ဆွဲယူလည်ပတ်နေသည်မှာ အဆောက်အဦးကြီး အကောင်းပတိရှိစဥ်က အချိန်သို့ပြန်ပြောင်းနောက်ဆုတ်နေသည့်အတိုင်းပင်။

해의 흔적 [A Trace of the Wonder]  Where stories live. Discover now