မြို့တော်၏ အစိုးရရုံးဝင်းအတွင်းရှိ အထိအခိုက်အပျက်အစီးကို ပြုပြင်ပြီးနောက် အိမ်သို့ပြန်ရောက်သည့်အချိန် ဝမ်မျိုးရိုး(မစ္စတာဝမ်)ကို ဖုန်းခေါ်ကာ ရက်အနည်းငယ်လောက် အနားယူဖို့လိုကြောင်းပြောလိုက်သည်။ဝမ်မျိုးရိုးသည် အပျော်လွန်စိတ်ရွှင်နေဆဲဖြစ်ရာ ရီဆွန်းလိုသမျှကို လိုက်လျောပေးလေသည်။
ဤတစ်ကြိမ်ပြုပြင်မှုတွင် ရီဆွန်းသည် လူတွေသံသယအဝင်မခံရအောင် ရည်ရွယ်ချက်ရှိရှိနှင့် အက်ရာအချို့ချန်ခဲ့သည်။သို့တိုင် ဝမ်မျိုးရိုးသည် စိတ်ကျေနပ်သည်ထက်ပိုသည်။ထိုလူကြီးသည် အခြားကုမ္မဏီများက သူ့မှာ Aအဆင့်ဝန်ထမ်းရှိသည်ကို မနာလိုနေကြကြောင်းကိုပါ ပြောလိုက်သေးသည်။
အကျဥ်းတိုက်ပေါ်လာတိုင်း အဖွဲ့အစည်းများက ပျက်စီးမှုအဆင့်ကို သတ်မှတ်ပြီး ပြုပြင်ထိန်းသိမ်းခွင့်အတွက် အပြိုင်အဆိုင် စျေးပေးရသည်။အဖွဲ့အစည်းကြီးများကသာ ကိုယ်ပိုင် ပြန်လည်ပြုပြင်ထိန်းသိမ်းသူများ ခန့်ထားနိုင်သည်။အလယ်အလတ်အဆင့်နှင့် အသေးစား အဖွဲ့အစည်းများမှာမူ သီးသန့်ခန့်ထားရန် မတတ်နိုင်၍ အများစုမှာ ပြုပြင်ခွင့်ပိုင်ထားသည့် အေဂျင်စီများကို အားကိုးကြရသည်။
ပြုပြင်ထိန်းသိမ်းသည့် ကမ္ပဏီအားလုံးတိုင်းက ပမာဏအကြီးကြီးမျိုး လုပ်နိုင်သည် မဟုတ်ချေ။ဥပမာအနေနဲ့ပြရရင် ဝမ်ထယ်ရှစ်ပင်။သူပိုင်သည့် ပြန်လည်ပြုပြင်ရေးက အတော်သေးငယ်သည်။ထိုကြောင့်ပင် မြို့တော်ရုံးဝင်းကိစ္စကို သူလုပ်မည် ပြောတုန်းက အပျော်လွန်နေတာဖြစ်သည်။
ရီဆွန်းသည် အိပ်ရာထက် ပစ်လှဲပြီး အခုလေးတင် သူ့အကောင့်ထဲ ဝင်လာသည့် ငွေပမာဏကို ကြည့်လိုက်သည်။ဝမ်မျိုးရိုးကို သံသယရှိသည် မဟုတ်ပေမဲ့ အလုပ်ပြီးပြီးချင်း ဆျာဟွန်းနှင့် တွေ့လာသည်ကို ဘဝင်မကျ၍ ခဏလောက် အလုပ်လက်ခံမည်မဟုတ်တော့။
အပြင်သွားရန် သူတကယ်ပျင်းလှသည်။အချိန်ဘယ်လောက်ကြာကြာ အိမ်တွင်းပဲ အောင်းနေချင်တာဖြစ်သည်။ပြသနာက သူ ဟင်းမချက်တတ်။သူ့သူငယ်ချင်းမွေးနေ့တုန်းက ချက်ပေးချင်လို့သာ ကြိုးစားချက်ထားတာဖြစ်သည်။ အရင်ကဆို သူ့သူငယ်ချင်းတွေကသာ သူ့အတွက် ချက်ပေးနေကြဖြစ်သည်။
![](https://img.wattpad.com/cover/366741880-288-k860742.jpg)
YOU ARE READING
해의 흔적 [A Trace of the Wonder]
AçãoOriginal Author- 도해늘 Translator - ZEIN_Grain ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် HN ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ S အဆင့် အမဲလိုက်သူ ဆျာဟျွန်းသည် ဂျောင်ရီဆွန်းဆီလာတွေ့လေသည်။ " ကျွန်တော် ခင်ဗျားကို လာကမ်းလှမ်းတာပါ မစ္စတာဂျောင်" " သောက်ကျို...