အပိုင်း(၁၁)

12 2 0
                                    

နောက်တစ်နေ့၌ ဂျောင်ရီဆွန်းသည် ဆျာဟွန်းဦးဆောင်မှုနောက်တွင် HNအဖွဲ့အစည်းရုံးချုပ်ဆီ ပါလာခဲ့သည်။

သူ ဖုန်းလက်ခံရချိန်က မနက်အစောကြီးရှိသေးသည်။ဆျားဟွန်းသည် မအိပ်ခဲ့ရသည့်သူ့ကိုမှ "ကောင်းကောင်း အိပ်ပျော်ရဲ့လား"ဟု အမှုမထားဟန် မေးလာသည့်အခါ ရီဆွန်းသည် အရေးလုပ်၍ပြန်မဖြေ။ထိုအမေး၏ နောက်တွင် ကပ်ပါလာသည့်စကားမှာ တစ်နာရီအတွင်း အိမ်ရှေ့ရောက်မည်ဟု ပြောလာခဲ့တာဖြစ်သည်။

သူ ဆျာဟွန်း၏အနက်ရောင်ကားထဲရောက်သည်နှင့် အိပ်မက်ပင် မမက်ဖူးသည့် သော့ကတ်ကို ပေးလာခဲ့သည်။

"အခုကနေစပြီး ဒါကိုသုံး"

"..ဘာလဲ ဒါက?"

"တိုက်ခန်းသော့ကတ်လေ။နံဘေးအခန်းမှာ ကိုယ်နေတာမလို့ တစ်ခုခုဆို လှမ်းခေါ်လိုက်လို့ရတယ်"

ဆျာဟွန်းသည် ရီဆွန်း၏မယုံသင်္ကာဖြစ်နေသောအကြည့်ကိုလျစ်လျူရှုကာ တိုက်ခန်းအမည်နှင့် နေရာကို ပေးလိုက်သည်။နာမည်ကြားရုံနှင့် တန်းမှတ်မိနိုင်လောက်သည့် ဆိုးလ်မှာရှိသည့်လူတိုင်းသိသည့်နေရာမျိုးပင်။ရီဆွန်းနှင့် သူ့သူငယ်ချင်းများပင် ရှာကြည့်ဖူးသေးသည်။၎င်းနောက် မတန်မဆငှားရမ်းခကြောင့် အနားပင်မကပ်လိုက်ရပေ။ဆျာဟွန်းပြောစကားအရ ဆျာဟွန်းသည် အဆောက်အအုံ၏ မိုးထိတိုက်ခန်းတွင်နေပြီး နံဘေးအခန်းတွင် လူနေသည်ကို မကြိုက်၍ တိုက်ခန်းတစ်ခုလုံးကို ဝယ်လိုက်သည်ဆိုသည်။

ထိုအခိုက်မှာပင် မိုးထိမြင့်နေသောငှားရမ်းခကို အမှတ်ရသွားကာ ရီဆွန်းသည် စကားပြောနေရင်းနှင့် အောင့်သက်သက် ခံစားလိုက်ရသည်။

"ဒါနဲ့ ဘာလို့ ခင်ဗျားနံဘေးလိုက်နေဖို့လိုလို့လား? ကျွန်တော် ပြောင်းဖို့ စိတ်ကူးမရှိ.."

"ဆောရီီး ရီဆွန်း ဒါပေမဲ့ အတင်းအကျပ်လုပ်ခိုင်းရမှာပဲ။အခြေအနေအကြောင်းကြောင်းကြောင့် ကိုယ် မင်းရဲ့ ပြန်လည်ထိန်းသိမ်းပြုပြင်ခြင်းစွမ်းအားကို ရာနှုန်းပြည့်လိုအပ်တယ်။နောက်ပြီး အဲနေရာမှာနေတာက မင်းရဲ့ စိတ်ကျန်းမားရေးကောင်းလာမယ် မထင်ဘူး ကိုယ်ပြောတာကို လက်ခံလား?"

해의 흔적 [A Trace of the Wonder]  Where stories live. Discover now