အပိုင်း(၁)

94 3 0
                                    

နေဝင်ချိန်ဖြစ်သည်။

ရီဆွန်းတစ်ယောက် အရိပ်ကျနေသည်ကို စိုက်ကြည့်နေ၏။ညအမှောင်ထုက တဖြည်းဖြည်းကြီးစိုးလာသည်နှင့်အတူ နေ့အလင်းသည် ဝါးမြိုခံလိုက်ရသည်။နေမင်းကိုကျောပေးကာ အရိပ်ကိုဆက်ကြည့်နေမိသည်မှာ အိတ်ကပ်ထဲမှ တုန်ခါမှုကို ခံစားမိလိုက်သည့်အချိန်ထိပင်။

ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ကာ ရီဆွန်း သက်ပြင်းတစ်ချက်ချရင်း ဖုန်းဖြေလိုက်သည်။အနှီလူကို အလုပ်ပြီးပြီးချင်း ဖုန်းခေါ်ရမှာဖြစ်သော်လည်း တစ်နေ့လုံးစိတ်နှင့်လူမကပ်ဖြစ်နေသောကြောင့် မေ့သွားခဲ့တာဖြစ်သည်။

"လမ်းနံပါတ် ၁၆ ကို ပြုပြင်ပြီးပြီ"

"ဟုတ်ပြီကွ ရီဆွန်းရ!မင်းကတော့ အမြဲလိုလို အံ့သြဖို့ကောင်းနေတာပဲ။မင်းဘာလို့ ဖုန်းမကိုင်ပြန်တာလဲ? အက်ကြောင်းနည်းနည်းပါးပါးလောက်တော့ ထားခဲ့ပါအုံး"

"အလုပ်မခိုင်းတော့ဘူးဆိုရင် လုပ်ပေးမယ်"

"ဟေး လုပ်စမ်းပါ ငါက နောက်တာပါကွ"

ရီဆွန်းက ရွှတ်နောက်နောက်တုံ့ပြန်စကားကို တည်တည်ငြိမ်ငြိမ်နှင့်ပြောလိုက်စဥ် တစ်ဖက်မှ ရယ်သံကြားလိုက်ရသည်။ရွှတ်တီးရွှတ်နောက်စကားဝိုင်းမဟုတ်တောင် သူ နှစ်ခြိုက်ပါသည်။ ရီဆွန်းသည် အားနေသည့်လက်က ကိတ်တစ်လုံးကို ကိုင်ထားသည်။ကိတ်မုန့်ကို ညင်ညင်သာသာ မ ကာ စိုက်ကြည့်လိုက်သည်။ဘူးက အံံ့သြလောက်အောင် လေးလံနေသည်။

"ဖုန်းချလိုက်တော့မယ် နောက်မှထပ်ခေါ်လိုက်"

"ခဏလောက်ပဲရှိသေးတယ်လေ? အဲလိုပဲ အေးစက်စက်ဆက်ဆံနေတော့မှာလား? ဒါကြီးက ထူးဆန်းတယ်နော်
ရီဆွန်းရေ ...ငါက မင်းကိုအလုပ်ပေးထားတာကို ငါက အလုပ်ရှင်ပါဟ။ မင်းပဲ အမြဲတမ်း ဖုန်းကို ဦးအောင် ချချသွားတယ်။ တခြားသူတွေဆို အဲလိုမလုပ်တာ မင်းသိသားနဲ့။ သူတို့ဆို ငါ့ကို သာကြောင်းမာကြောင်းမေးဖော်ရသေးတယ်"

ရီဆွန်းသည် စကားတသီတတန်းကြီးကိုနားထောင်ရင်း တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။အာကြောရှည်နေပြီဆိုကတည်းက ဒီလူကြီးတော့ တစ်ခုခုပြောစရာရှိနေပြီဖြစ်မည်။

해의 흔적 [A Trace of the Wonder]  Where stories live. Discover now