Part (1)

118 6 0
                                    

အဝေးပြေးလမ်းမပေါ်မှာ အပြေးနှင်နေတဲ့ခရီးသည်တင်ယာဉ်ကားကြီးသည် မိုးတွေသည်းထည်စွာရွာသွန်းနေသော်‌လည်း အရှိန်တစ်စက်မှမလျှော့ လိုရာခရီးသို့ရောက်နိုင်ရန်သာ ရှေးရှုးနေသည်။

'ရွှေတလင်း'တစ်ယောက် မိုးတွင်းကြီးခရီးမသွားချင်သော်လည်း အစားထိုးစားဖိုမှူးတစ်ယောက်ရှာလို့မရသေးသဖြင့် လူသစ်ရရန်စောင့်ပေးရင်း 'ဇူလိုင်'လထဲရောက်မှသာ အလုပ်ထွက်ခွင့်ရလေသည်။
မနက်အစောကြီးထလာရပြီး အိပ်ရေးမဝသော်လည်း စိတ်တွေကကြည်လင်နေလေသည်၊ သူ၏ဆန္ဒမှာ တစ်ချိန်တွင် တောင်ပေါ်ဒေသလေးတစ်ခုမှာ အခြေချပြီး အေးဆေးနေချင်တာဖြစ်သည်။

ငယ်ငယ်ကတည်းက မိဘမဲ့ဘဝနဲ့ ပညာရေးတစ်ခုတတ်မြောက်ပြီး နေရာတစ်ခုရရန်ကိုယ့်ဘာသာကြိုးစားခဲ့ရပြီးနောက် အကြွေးများစွာလည်းတင်ခဲ့သည်။ အခုတော့ ဆပ်စရာကြွေးမြှီးတွေကအစ အကုန်ဆပ်ပြီးတဲ့အပြင် ကိုယ့်ရဲ့ပန်းတိုင်ရောက်ရန် ပထမခြေလှမ်းအဆင့်ကိုလည်း စလှမ်းလိုက်ပြီဖြစ်တယ်။ လူသူထူထပ်ပြီး မြို့ပြအငွေ့အသက်အပြည့်နဲ့ ရန်ကုန်မြို့ကြီးကိုချန်ရစ်ပြီးနောက် ကလောဆိုတဲ့ တောင်ပေါ်မြို့ကလေးကိုပြောင်းရွေ့လာခဲ့ပြီ။

ကလောမှာ အလုပ်တစ်ခုရှာထားပြီးပြီဖြစ်သလို နေစရာအခန်းလေးကိုလည်း ပြင်ဆင်ထားပြီးပြီဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘမဲ့၊ အခုအသက် (၂၈) ထိတိုင်အောင် အသက် (၂၀) အရွယ်တွင် (၃)နှစ်ကြာအောင်ထားဖူးသော ရည်းစားတစ်ယောက်ရှိဖူးခဲ့ပြီး၊ သူငယ်ချင်းကောင်းရယ်လည်းမရှိခဲ့ဖူးပေ။
ဘာသံယောဇဉ်နှောင်ကြိုးမှမရှိသူမို့ တစ်နေရာမှတစ်နေရာပြောင်းရွေ့နေထိုင်ခြင်းအပေါ်မှာ လေးပင်နေခြင်းမရှိတဲ့အပြင် ကိုယ်နှစ်သက်တဲ့နေရာလေးကိုပြောင်းရွေ့လာရလို့ ပျော်ရွှင်မှုတွေသာရှိသည်။

ဘေးနားက တောင်တန်းအသွယ်သွယ်တွေနဲ့သဘဝအလှတွေကိုကြည့်ချင်သော်လည်း သည်းထန်စွာရွာသွန်းနေသော မိုးကြောင့်မြင်ကွင်းကိုသေချာမမြင်ရ၍ နောက်တစ်ရေးထပ်အိပ်ရန်သာပြင်လိုက်သည်။ ဘေးဘက်သို့ရုတ်တရတ် စောင်းကျလာသောအသိကြောင့် အထိတ်တလန့်ပြတင်းပေါက်ကိုကြည့်မိတော့ ချုံနွယ်ပိတ်ပေါင်းများနဲ့ထူထပ်လှတဲ့ ချောက်နက်တစ်ခုသို့ မျက်နှာမူပြီးသားဖြစ်သွာသည်။ 'စမယ်ကြံခါမှ အသက်ပါဆုံးရတော့မှာပါလား။ နောက်ဘဝများသာရှိရင် အချစ်တွေအပြည့်နဲ့နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်မိပါရဲ့။'

ဆန်ချောင်းတို့မိသားစုWhere stories live. Discover now