ညှပ်ခေါက်ဆွဲဖက်လုပ်ရန်အတွက်
ဈေးမှ အသစ်ဝယ်လာတဲ့ အိုးကြီးနဲ့ ရေနွေးအရည်တည်ထားလိုက်သည်၊ ရေနွေးပွက်ပွက်ဆူမှ အိုးထဲသို့ မျက်နှာပြင်ညီတဲ့ ကျောက်တုံးတစ်တုံးကို အခြေငြိမ်အောင်ချလိုက်သည်၊
မုန့်ဖက်လုပ်ရန်ပြင်ထားတဲ့ အိုးအဟောင်းရဲ့ စလောင်းဖုံးအသေးထဲကို ဆန်မှုန့် ပီလောပီနံမှုန့်တို့ ရောနှပ်ထားတဲ့ ခွက်ထဲက မုန့်အနှစ်တွေကို ဇွန်းနဲ့သေချာခပ်ထည့်ပြီး ပြန့်အောင် မျက်နှာပြင်ညှိပြီးနောက် အိုးထဲကကျောက်တုံးပေါ်တင်ပြီး အိုးအဖုံးကိုပိတ်လိုက်သည်၊ အနည်းငယ်ကြာလို့ ပြန်ထုတ်လိုက်လျှင် စလောင်းဖုံးအပေါ်က မုန့်ဖက်အပြားကြီးကို ခွာထုတ်လို့ရပြီဖြစ်သည်။မုန့်ဟင်းခါး ချက်နည်းသည်လည်း အရမ်းမခက်ပေ
ဟင်းရည်ချက်ဖို့အတွက် အရင်ဆုံးပြုတ်ထားတဲ့ငါးတွေကိုအသားနွှင်ရသည်၊နွှင်ထားတဲ့အသားတွေကို ဆား၊အရသာမှုန့်၊ ဟင်းချက်မှုန့်၊ နနွင်းမှုန့်၊ ငရုပ်ကောင်း၊ ဂျင်းအနည်းငယ် တို့ကိုထည့်ပြီးသေချာထောင်းရသေးတယ်၊ဒယ်အိုးထဲသို့ ကြက်သွန်နီနဲ့ အဖြူနှစ်မျိုးကို ရောပြီး ဆီအရင်သတ်၊ အဝါရောင်ဆီချက်အနေအထားရောက်မှ ထောင်းထားတဲ့ ငါးတွေကိုအိုးထဲထည့်ပြီး ရောလိမ့်ရသည်၊
အရည်ချက်ရန်အတွက် အိုးထဲသို့ ရေလိုသလောက်ထည့် အိုးဆူရင် ငှက်ပျောအူ၊ဆန်လှော်မှုန့်နဲ့ စပါးလင်တို့ကိုထည့်သည်၊ ပြီးရင် ဆီသတ်ထားတဲ့ငါးကိုပါထည့်ရသည်။ နောက်ဆုံးမှ ကြက်သွန်ဥတို့ ဘဲဥ ဒါမှမဟုတ် ကြက်ဥတို့ကို ကိုယ်စားချင်သလောက် ထည့်ချက်နိုင်သည်။
ဟင်းရည်အိုးတည်ထားတုန်း 'ဆန်ချောင်း'ပြန်ရောက်လာသည်။ အိုးကို ယောက်ချိုဇွန်းနဲ့ မွှေထားပြီးနောက် 'ဆန်ချောင်း'ကိုဖြောင်းဖျရန်အတွက် အိမ်ရှေ့သို့ ထွက်လာလိုက်သည်။ 'ဆန်ချောင်း'ကို ရေမသယ်ခိုင်းတော့ နောက်နေ့တွေ့မှာ ဈေးရောင်းရန်အတွက် ခေါ်သွားချင်သည်။ တကယ်တော့ 'ဆန်ချောင်း'ကို ရွာထဲရေမသယ်ခိုင်းချင်တာ အရင်ကတည်းက ဘာလို့ဆို ရွာထဲက လူတွေက 'ဆန်ချောင်း'ကို အလကားနီးပါးခိုင်းပြီး မလိုအပ်တဲ့ပစ္စည်းတွေနဲ့ မတန်မရာသာပေးကြသည် ရွာထဲမှာ အိမ်ခြေအနည်းဆုံး ငါးဆယ်လောက်ရှိပေမယ့် 'ဆန်ချောင်း' ရလာတဲ့ပစ္စည်းတွေက ဆန်ငါးလုံးလောက်နဲ့ တစ်ခါတလေ မကောင်းမကန်း ဟင်းချက်ပစ္စည်းတွေအပြင် အရွက်ဟင်းကျန်အနည်းငယ်၊ဒါက မတရားခိုင်းစားနေတာပင်၊

YOU ARE READING
ဆန်ချောင်းတို့မိသားစု
Исторические романыအချိန်ကူးပြောင်းလာသော 'ရွှေတလင်း' နဲ့ ဉာဏ်ရည်အနည်းငယ်ချို့တဲ့နေတဲ့ ရွာသားလေး 'ဆန်ချောင်း'၊ ချစ်စဖွယ် ကလေးသုံးယောက်နဲ့အတူ ရွာအငွေ့အသက်လေးတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။