Part (8)

67 8 0
                                    

"ဆန်ချောင်း ရေထမ်းဘူး"

"အမယ် နင်ကများ ရေမထမ်းတော့ နင့်လို့အရူးကဘာလုပ်တတ်လို့လဲ"

"ဟို...ဒီကအဒေါ်ကဘယ်သူများလဲ"

"ငါက သူ့အဒေါ်၊ နင်ကရော ဘယ်သူလဲ နင့်ကိုရွာထဲ တစ်ခါမှ ‌မတွေ့ဖူးပါဘူး"

"ကျွန်တော့်နာမည် ရွှေတလင်းပါ ဒီရွာကတော့မဟုတ်ပါဘူး ဆန်ချောင်းနဲ့အတူနေနေပါတယ်"

'ရွှေတလင်း‌'စကားဆုံးသွားတော့ 'ဒေါ်အုန်းခင်'က မျက်နှာကိုမဲ့ရွှဲ့ကာ 'ရွှေတလင်း'ကိုကြည့်ပြီးနောက် အထင်သေးနေဟန်

"အမလေး ဆန်ချောင်း နင်ကလေ လူကသာကျပ်မပြည့်တာ အိမ်မှာ ပေါက်လွှတ်ပဲစား ဝမ်းမနာသားလေးတွေတင်ကျွေးထားလို့မဝလို့ အခုဘယ်ကမှန်းမသိတဲ့အိမ်ခြေရာမဲ့တွေတောင် ခေါ်တင်ထားပြန်ပြီလား"

"ဆန်ချောင်းမိသားစု"

"ဘာမိသားစုလဲ ငါကမှနင့်အဒေါ် နင့်ဦးလေးယူထားတဲ့ မိန်းမအရင်းခေါက်ခေါက် နားလည်လား"

'ရွှေတလင်း' ဒီမိန်းမကြီးကိုမြင်ကတည်းက စိတ်ထဲလုံးဝမကြည် အခုဒီမိန်းမကြီး ပါးစပ်က တစ်ချိန်လုံး မကောင်းတဲ့စကားလုံးတွေပဲ ထွက်တော့ပိုဆိုးလေသည်။တကယ်အဆင့်အတန်းမရှိဘူးဆိုတဲ့ စကားက ဒီအဒေါ်ကြီးနဲ့ကွက်တိ၊ ဒါပေမယ့် နေရာအသစ်မှာကူးပြောင်းလာပြီး 'ဆန်ချောင်း'ရဲ့ အဒေါ်လည်းဖြစ်တာကြောင့် သူစကားကို အလိုက်ထိုက်ပြောပေးနေတာဖြစ်သည်။

"လာ အိမ်မှာရေမရှိတော့ဘူး လိုက်ခပ်ပေး"

"ဆန်ချောင်း ရေထမ်းဘူး"

ပြောလည်းပြော၊ ပေကပ်ကပ်နဲ့လုံးဝမရွေ့တဲ့'ဆန်ချောင်း'ကြောင့် 'တလင်း'ပြုံးမိသွားသည်၊ ရုပ်ကြီးကဆူပုပ်ပုပ်နဲ့ ချစ်စဖွယ်ကလေးကြီးတစ်ယောက်နဲ့ တူလေသည်။

"ဒီက အဒေါ်ကြီးက ဆန်ချောင်းအဒေါ်လို့ပြောတယ်နော်"

"ဟုတ်တယ်လေ နင့်နားအကောင်းကြီးရှိသေးတယ်မလား"

"ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော်တဆင့်ပြန်ပြီး အသိပေးစရာလေးရှိလို့ပါ"

"ဘာလဲ"

"ဒီလိုပါ ဆန်ချောင်း ဒီရက်ပိုင်းရေလာမထမ်းဖြစ်ဘူးဆိုတာ ကျန်းမာရေးမကောင်းလို့ပါ၊ အဲ့ဒါဒီနေ့ မြို့သွားရင်း သမားတော်ဆီ ဝင်ပြပေးခဲ့ပါတယ်၊ သမားတော်က ပြန်ကောင်းဖို့ဆို အပတ်တိုင်း လာပြဖို့လိုပြီး ဆေးလည်း‌ပုံမှန်သောက်ဖို့ လိုတယ်လို့ပြောပါတယ်၊ အခု‌အဒေါ်ကဆန်ချောင်းရဲ့ မိသားစုဝင်ဆိုတော့ နောက်ပိုင်းကစပြီး အဒေါ်တို့ပဲ တာဝန်ယူ ပြပေးပါဦး"

ဆန်ချောင်းတို့မိသားစုWhere stories live. Discover now