Part (2)

66 7 4
                                    

"ဟေးးးးးမိပြီ"

နောက်ထပ်ငါးတစ်ကောင်မိသွားလို့ ဝမ်းသာတကြီးထအော်တဲ့ 'ဇီးကွက်'၊ ဘေးနားမှာ ထိုင်ကြည့်နေသော 'မျှောက်နီ'ခေါ် 'နီနီ'နဲ့ 'ကြာပန်းကလေး'တို့သည်လည်း မျက်လုံးတောက်တောက်လေးတွေနဲ့ကြည့်နေလေသည်

"ဒီလောက်ဆိုရပြီ အသေးလေးတွေ ဆန်ပြုတ်သွားပြုတ်ကြရအောင်"

ဆန်နှစ်လုံးကို ဆန်ပြုတ်လုပ်သောက်ဖို့ ဘေးနားက တောင်ကျချောင်းလေးမှာ ရေလာခပ်ရင်း ကြည်တောက်နေတဲ့ရေထဲက ငါးတွေကိုတွေ့သဖြင့် အိမ်ကရှိတဲ့ ပိုက်အစုတ်လေးကိုသုံးပြီး ငါးအနည်းငယ်ဖမ်းနေခြင်းဖြစ်သည်။

အိုးထဲကို ဆန်ထည့်၊  ငါး‌‌တွေကိုပါသေချာ ခုတ်သင်ပြီး ‌အိမ်အနောက်ဘက်နားက တုံးလေး သုံးခုသာချထားသော မီးဖိုချောင်အစုတ်လေးတွင်  ရောပြီးပြုတ်ထားလိုက်သည်။စမ်းချောင်းဘေးနားမှာ ပေါက်နေသော စပါးလင်ပင်တွေကိုတွေ့သဖြင့် အိုးဆူတဲ့အခါ ထည့်ဖို့သေချာရေဆေးထားရသေးသည်။

သူလုပ်သမျှကို ထိုင်ကြည့်နေသော ဘေးနားကအသေးလေး သုံးကောင်ကိုကြည့်တော့ သူ့ကိုလည်း မျက်လုံးအပြူးသားလေးတွေနဲ့ပြန်ကြည့်လာသည်။

"ကြက်သွန်တို့ဘာတို့ရှိလား"

'‌တလင်း' မေးလိုက်တော့ 'ဇီးကွက်'အိမ်ထဲဝင်သွားပြီးနောက် ဝါးခြင်းလေးတစ်ခုကို ပြန်ယူပြီးထွက်လာသည်

"ကိုကြီးဆန်ချောင်းကို ရွာထဲကသူ‌တွေပေးထားတာ"

ခြင်းတောင်းလေးထဲကြည့်လိုက်တော့ ဖက်နဲ့ထုပ်ထားတဲ့ဆားခဲအနည်းငယ်၊ ကြက်သွန်နီလေးနှစ်လုံး၊ ခြောက်ကပ်ပြီးမှိုတက်တော့မယောင်ဖြစ်နေတဲ့ ကြက်သွန်ဖြူဥလေးတစ်ဥ၊ ပြန့်ကြဲနေတဲ့ ငရုတ်သီးတောင့်တွေရယ် တစ်ချို့ကဖြင့် ပုပ်ပွတောင်နေပြီ၊ ဝါးဘူးအသေးလေးတစ်ခုပါတွေ့လို့ ဖွင့်ကြည့်တော့ ဆီဘူးဖြစ်ဟန်တူ ‌အနည်းငယ်စောင်းလိုက်မှသာ ဆီအကပ်ကျန်လေးကို တွေ့ရလေသည်။

ကြက်သွန်ဖြူဥလေးကို သေချာအခွံခွာထောင်းထားလိုက်သည်၊ ပွက်ပွက်ဆူနေတဲ့အိုးထဲက ငါးတွေကိုထုတ်၊ အသားနွှင်ထားပြီးနောက် နွှင်ထားသောငါးအသားနဲ့အတူ၊ကြက်သွန်ဖြူကို အိုးထဲခပ်ထည့်လိုက်သည်၊ ဆားအနည်းငယ်ထည့်ပြီးနောက် အရသာမုန့်နဲ့တူတာဘာမှမရှိသဖြင့် ဘာထည့်ရမလဲ စဉ်းစားရ၏

ဆန်ချောင်းတို့မိသားစုWhere stories live. Discover now