Part (9)

329 25 1
                                    

"ဆန်ချောင်းရော ကျွန်တော်ရောက အသက်ပြည့်ပြီးသား ယောက်ျားနှစ်ဦးပါ လိင်တူလက်ထပ်ခွင့်ကိုတရားဝင်‌ခွင့်ပြုထားတဲ့ ဒီတိုင်းပြည်မှာ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ကန့်ကွက်ခွင့်ကိုပေးထားပါသလား သူကြီး"

'တလင်း'ရဲ့စကားသံဆုံးတော့ ရွာသူကြီး၊ ‌'ဒေါ်အုန်းခင်'အပါအဝင် ဘေးနားမှာရှိတဲ့သူတွေအကုန်လုံးအတွက် ပြောစရာစကားမရှိတော့ဟန်၊ 'ဒေါ်အုန်းခင်'မှလွဲ၍အားလုံးမှာလည်း ဒါကမှန်ကန်ကြောင်း စိတ်ထဲကနေ ထောက်ခံ‌နေကြသည်။

"ရွာသူကြီး တစ်ယောက်အနေနဲ့ ရွာသားတစ်ဦးချင်းရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ့်တာဝန် ငါ့မှာအပြည့်အဝရှိတယ် အုန်းခင် ကန့်ကွက်မယ်ဆိုရင် ဘာလို့ကန့်ကွက်တာလဲဆိုတဲ့အကြောင်း ပြော‌နိုင်ရမယ်"

"သူကြီးလည်း သိတဲ့အတိုင်း ကျွန်မတူလေးက ဉာဏ်ရည်မမှီတဲ့အရူးပါ ဒီလိုလူမျိုးကို အိမ်ထောင်ပြုခိုင်းပြီး မိသားစုတာဝန်ယူခိုင်းဖို့ ကျွန်မက ဘယ်လိုခွင့်ပြုနိုင်မှာလဲ၊ အခုလိုတစိမ်းမျိုးနဲ့ဆိုရင်ပိုဆိုးတယ် ကျွန်မတူလေးကို လူမသိအောင် အိမ်တွင်းအနိုင်ကျင့်တာမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

"ကျွန်တော့်အနေနဲ့ ဆန်ချောင်းနဲ့အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ရဲ့မိသားစုတာဝန်အကုန်လုံးကိုကျွန်တော်ယူမှာပါ အိမ်တွင်းအကြမ်းဖက်တာမျိုး လုပ်မလုပ်ကတော့ အခုထိကျွန်တော်နဲ့ ဆန်ချောင်းတို့မိသားစု‌ဝင်တွေအတူနေလာတဲ့တစ်လျှောက် ကျွန်တော် ဘယ်လိုဆက်ဆံလဲ ဆိုတာအကုန်မေးနိုင်ပါတယ်"

"ဒါဆို ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်ကိုမေးတာပိုကောင်းမယ်ထင်တယ်"

"ဟုတ်တယ် ဆန်ချောင်းကိုလည်းမေး"

"ဟုတ်တယ်"

"ဟုတ်တယ် သူကြီး"

ရွာသားတစ်ယောက်က ထပြောလိုက်လျှင် ကျန်တဲ့ရွာသားတွေကပါ ဝင်ထောက်ခံလာလေသည်။ ဒါကြောင့် သူကြီးက 'ဆန်ချောင်း'အား လူအများအလယ်မှာ မေးခွန်းမေးရတော့သည်

"ကဲ ဆန်ချောင်း မင်းကရော ဒီကရွှေတလင်းနဲ့ အိမ်ထောင်ပြုဖို့ဆန္ဒရှိလား"

ဆန်ချောင်းတို့မိသားစုWhere stories live. Discover now