Part(5)

65 10 0
                                    

အရသာရှိတဲ့ ဆန်ပြုတ်တွေကိုနေ့တိုင်းစားနေရလို့ 'ဆန်ချောင်း'ဒီရက်ပိုင်းအတွင်း အရမ်းပျော်နေပါတယ်၊ 'ရွှေရွှေ့'ကို စတွေ့တဲ့နေ့က 'ရွှေရွှေ'က တောထဲက ညောင်ပင်ကြီးအောက်မှာ အိပ်ပျော်နေတာလေ၊ စတွေ့တုန်းက အနည်းငယ်ကြောက်သွားပေမယ့် သေချာပြန်ကြည့်တော့ ဖြူဝင်းနေတဲ့အသားအရေနဲ့ ဖြောင့်စင်းနေတဲ့မျက်ခုံးတန်းလေးတွေအပါအဝင် နှုတ်ခမ်းဖူးဖူးလေးတွေက အစ တကယ်လှတာမို့ 'ဆန်ချောင်း'ရဲ့ အကြည့်တွေက 'ရွှေရွှေ့'ဆီက တကယ်မလွှဲနိုင်တော့တာ၊ ပုံမှန်မဟုတ်ဘဲ ထဖောက်ပြီးရွာတဲ့ မိုးတွေကြားမှာ ဒီလိုအလှလေးတစ်ယောက်ထဲ ထားခဲ့ရင် အေးပြီးတော့ နေမကောင်းဖြစ်သွားနိုင်တာ 'ဆန်ချောင်း'သိတယ်၊ ဒါကြောင့် 'ဆန်ချောင်း'က အချောလေးကို အိမ်ပြန်ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တာ၊ အခုတော့ အဲ့ဒီ့အချောလေးက နေ့တိုင်းပဲ အရသာရှိတဲ့ဆန်ပြုတ်တွေချက်ကျွေးတာကြောင့် အိမ်ပြန်ချိန်တိုင်း 'ဆန်ချောင်း'ရဲ့ခြေလှမ်းတွေက တက်ကြွနေတာပေါ့။

အိမ်နဲ့နီးလာလေ ပိုပြီးမွှေးလာတဲ့ အသားနံ့ကြောင့် 'ဆန်ချောင်း‌'ရဲ့ ခြေလှမ်းတွေက သွက်သထက်သွက်လာတယ်၊ ဒီအနံ့ကို 'ဆန်ချောင်း'သိတယ်၊ ဒါက အသားအနံ့ 'ဆန်ချောင်း'က အသားအနံ့တွေက သေချာသိတယ်၊ ဘာလို့ဆို ရွာထဲမှာ အိမ်တိုင်းလိုလိုက တစ်လမှာ တစ်ခါလောက်တော့ အသားချက်စားကြတာကြောင့် အမြဲအနံ့တွေရနေကြလေ၊
အိမ်အနောက်ဘက်ကို တစ်ခါတည်း တန်းဝင်လာတော့ မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ 'ရွှေရွှေ့'ရဲ့နောက်ကျောကိုမြင်ရတယ်၊ အိုးအဖုံးကိုဖွင့်ပြီးမွှေလိုက်တဲ့အချိန် ပေါ်လာတဲ့ အရိုးတုံးကြီးကိုလည်း သူမြင်လိုက်တယ်။ဒါဆို တကယ်ပဲ အသားချက်နေတာပေါ့....

အနောက်ဘက်ကို လှည့်ကြည့်လာပြီး ဆတ်ခနဲ အနည်းငယ်တုန်သွားတဲ့ ခန္ဓာကိုယ်လေး

"ဆန်ချောင်းရယ် မင်းနှယ် ရောက်ရင်လည်း အသံလေးဘာလေးပေးပေါ့ကွ"

"ဟီးးး အသား..."

"ဟုတ်တယ် ဒီနေ့ညစာကို အသားဟင်းစားရမှာ"

"ဆန်ချောင်းက အသားဟင်းကြိုက်တယ်"

"ကြိုက်ရင် စားရမယ် ဒါပေမယ့် ရေအရင်ချိုးပြီးမှ စားရမယ်"

ဆန်ချောင်းတို့မိသားစုWhere stories live. Discover now