မနက်မိုးလင်း (၅)နာရီ(၃၅)မိနစ်လောက်သာ ရှိမည်။
ခုံဝိုင်းလေးသုံးခုနဲ့ ခွေးခြေခုံလေးတွေကို ထည့်ထားတဲ့ခြင်းတောင်းကြီးကို 'ဆန်ချောင်း'က ထမ်းထားပြီးနောက် အရှေ့ကလည်း ခုံတန်းအရှည်ကြီးကို ကိုင်ထားသေးသည်၊
'တလင်း'ကတော့ မုန့်ဖက်တွေ၊ အိုးခွက်တွေနဲ့၊ ဟင်းရည်ချက်ရန် လိုအပ်သောပစ္စည်းမှန်သမျှထည့်ထားတဲ့ခြင်းတောင်းကြီးကိုသယ်လျှက် 'နီနီ'နဲ့'ကွက်ကွက်'လေးကိုတော့ ဇွန်းနဲ့ခွက်လေးတွေပါသော ခြင်းတောင်းသေးလေးနှစ်ခုကို ခွဲကိုင်ထားစေသည်ကိုယ်စီတာဝန်ခွဲတမ်းတွေထဲ မပါဝင်တဲ့တစ်ဦးတည်းသောအငယ်ဆုံးလေးကတော့ 'တလင်း'အင်္ကျီစလေးကိုကိုင်လျှက် ခုန်ပေါက်ပြီးလိုက်နေလေရဲ့။
ဈေးကိုရောက်တော့ မနက်(၆)နာရီ (၁၅)မိနစ် ကျော်ကျော်သာရှိသေးပြီး နီညိုရောင်ကောင်းကင်ကြီးနဲ့ ထွက်ပြူစ နေလုံးကြီးက မနက်ခင်းအလှကို ဖော်ကျူးနေလေသည်၊
ဆိပ်ကမ်းမှာတော့ အလုပ်သမားတွေက ကုန်တင်ကုန်ချအလုပ်များနဲ့မအားလပ်ရာ တစ်ယောက်နဲ့တစ်ယောက် အော်ပြောသံများနဲ့လည်း ဆူညံနေပြီး မြင်ကွင်းကသက်ဝင်လှုပ်ရှားနေလေ၏ပစ္စည်းတွေကို နေရာချပြီးနော် မီးမွှေးပြီး မုန့်ဟင်းရည်စချက်ရန်ပြင်ရသည်
"ဆန်ချောင်း ရေတစ်ပုံးလောက်ခပ်ပေးပါဦး"
'တလင်း'တို့ဈေးရောင်းတဲ့နေရာ အနောက်ဘက်က အိမ်အပျက်ကြီးမှာ ရေတွင်းတစ်တွင်းရှိသည်၊ ဈေးသူဈေးသားအပေါင်းနဲ့ ဆိပ်ကမ်းမှအလုပ်သမားအကုန် ရေလိုရင် ဒီမှာပဲခပ်သုံးနေကြ၊တလင်းသည်လည်း သူတို့ထဲမှ လူတစ်ဦးဖြစ်လာလေသည်။
"ကလေးတွေ ကမ်းစပ်နားအရမ်းမကပ်နဲ့နော်"
"ဟုတ်"
ဆိပ်ကမ်းမှ အလုပ်သမားတွေကို ထိုင်ကြည့်နေတဲ့ ကလေးသုံးယောက်က ပြိုင်တူပြန်ဖြေလာလေရဲ့
"ကိုရီးကွက် အဲ့တာဘာကြီးလဲ"
"သူတို့က ဘာတွေသယ်နေကြတာရဲ"
"အဲ့ဒီလှေကြီးကို ပန်းရေးတို့ရော ဆီးရို့ရရားးး"
'ပန်းလေး'ရဲ့ချစ်စဖွယ် အမေးသံလေးတွေကြား မဖြေတတ်ဖြေတတ်နဲ့ပြန်ဖြေနေတဲ့ အသေးလေးနှစ်ကောင်
'တလင်း'ဘေးမှာ လိုသမျှအကုန်လုံးကို လိုက်လုပ်ပေးနေတဲ့ 'ဆန်ချောင်း'
ပင်လယ်ကြီးနဲ့ အထင်အရှားထွက်ပေါ်လာပြီဖြစ်တဲ့ နေလုံးနီနီ ပင်လယ်ဇင်ယော်တွေနဲ့ ကိုယ်စီအလုပ်ရှုပ်နေတဲ့ ဆိပ်ကမ်းရဲ့သက်ဝင်မှုတွေက 'တလင်း'ရဲ့စိတ်ကိုအမှန်တကယ်စိတ်အေးချမ်းသာမှုအပြည့်နဲ့ကြည်နူးစေပါသည်
YOU ARE READING
ဆန်ချောင်းတို့မိသားစု
Historical Fictionအချိန်ကူးပြောင်းလာသော 'ရွှေတလင်း' နဲ့ ဉာဏ်ရည်အနည်းငယ်ချို့တဲ့နေတဲ့ ရွာသားလေး 'ဆန်ချောင်း'၊ ချစ်စဖွယ် ကလေးသုံးယောက်နဲ့အတူ ရွာအငွေ့အသက်လေးတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။