Part (4)

69 10 3
                                    

ရှုက်ခတ်နေသော လူတွေကြားထဲမှာ 'တလင်း'တစ်ယောက် တစ်ကိုယ်စာဈေးခင်းနေရာလေးကို လိုက်ရှာနေရသည်။ သယ်ထားတဲ့ခြင်းတောင်းကလည်းမပေါ့တာမို့ နွေပူပူမှာ အတော်ပင်ပန်းလှတဲ့အပြင် လက်တစ်ဖက်က 'ကွက်ကွက်'လေးကို ဆွဲထားရသေးသည်။

ဒီနေ့ 'နီနီ'နဲ့ 'ပန်းကလေး'ကို အိမ်မှာထားခဲ့ပြီးနောက် 'ကွက်ကွက်'နဲ့အတူဈေးရောင်း‌ဖို့ထွက်လာခြင်းဖြစ်သည်။ မနေ့ကတောထဲမှာ သစ်ချသီးတစ်ပင်တွေ့တော့ 'တလင်း'ကအရမ်းပျော်သွားပေမယ့် 'ဆန်ချောင်း'တို့က စားရမှန်းတောင်မသိ ဒါကြောင့် သစ်ချသီးများကိုလှော်ပြီးရောင်းဖို့ 'တလင်း'စဉ်းစားမိပြီး'လက်ပံကုန်း'ဈေးကိုသာ တက်လာခဲ့သည်။

အိမ်မှာ ကလေး(၂)ယောက်ပဲ ထားခဲ့ရလို့ သိပ်စိတ်မချဖြစ်မိပေမယ့် 'နီနီ'က သိတတ်သော ကလေးဖြစ်ပြီး 'ပန်းလေး'ကလည်း လိမ္မာတာကြောင့် ဘာပြဿနာအန္တရာယ်မှ ရှိနိုင်မည်မဟုတ်ပေ။

ပခုံးပေါ်တင်ထားတဲ့ ခြင်းတောင်းကိုအ‌သာလေးချပြီး မီးဖိုလုပ်ရန် ခြင်းထဲမှ ကျောက်တုံးသုံးခုကို သုံးခုဆိုင်ပြီးချလိုက်သည်။  ထင်းချောင်းလေးတွေ အုံပြီး မီးမွှေးပြီးနောက် အိမ်ကယူလာတဲ့တစ်ခုတည်းသော ဒယ်အိုးအစုတ်လေးကို ဖိုပေါ်တင် စမ်းချောင်းကဆယ်ပြီးအခြောက်ခံထားတဲ့'သဲ'တွေကို ထည့် ပြီး ယောင်းမနဲ့အရင်လိမ့်လိုက်သည်။ ပြီးမှသစ်ချသီးတွေကိုထည့်လိုက်သည်။

"'ကွက်ကွက်' ဒီငှက်ပျော်သီးအဖီးလေးတွေဒီလိုစီပြီး‌ချလိုက်နော်"

"ဟုတ်"

မနေ့ကရခဲ့သော ပစ္စည်းများတွင် ငှက်ပျောသီးအခိုင်ကြီးတစ်ခိုင်လည်းပါသေးသည်။ ကလေးတွေစားဖို့ တစ်ဖီးလောက်သာချန်ခဲ့ပြီးကျန်တာအကုန်ရောင်းဖို့ ယူလာလိုက်သည်။ သူတို့ငှက်ပျောသီးကိုရောင်းမယ်ဆိုတော့ 'ဆန်ချောင်း'အပါအဝင်ကလေးတွေက စူပုပ်ပုပ်လေးတွေဖြစ်ကုန်ကြလို့ ပိုက်ဆံရှာရန်ရောင်းရမည်ဖြစ်ပြီး၊ ပိုက်ဆံရလျှင် ဒီ့ထက် ပိုကောင်းတာတွေ ဝယ်ကျွေးနိုင်မည်ဖြစ်ကြောင်း ရှင်းပြခဲ့ရသေးသည်။
တကယ်တော့ မနေ့က တောထဲမှာ သစ်ချသီးတွေအပြင် တခြားအပင်တွေကိုလည်း အများကြီးတွေ့ခဲ့ရတယ်၊ အခုခေတ်လူများသည် တစ်ချို့အတော်များများကို စားရကောင်းမှန်းမသိသေးသဖြင့် အပင်တွေကပေါများနေကာ သစ်တောကြီးက တကယ့်ကို ရတနာတိုက်ကြီးသဖွယ် ဖြစ်နေလေသည်။

ဆန်ချောင်းတို့မိသားစုWhere stories live. Discover now