(Part 1)

284 29 8
                                    


"အဆင်ပြေရဲ့လား Seungkwan? မင်းကြည့်ရတာ ပင်ပန်း​ေနသလိုပဲ"

Jeonghan သူ့ရဲ့ပုံစံအတိုင်းပဲ စိုးရိမ်နေတဲ့
လေသံလေးနဲ့မေးလိုက်သည်။

"အဆင်ပြေပါတယ် ဘာလို့အရမ်းဂရုစိုက်နေတာလဲ?"

Seungkwan စိတ်အလိုမကျဖြစ်နေတဲ့လေသံနဲ့မေးလိုက်မိသည်။

Jeonghan လန့်သွားပြီးဘာစကားမှထွက်မလာတော့။ Dokyeom ကတော့ Jeonghan
ရဲ့ကျောပြင်ကိုခပ်ဖွဖွပွတ်ပေးရင်းပြောလိုက်သည်။

"Seungkwan အဲလိုမပြောရဘူးလေ
Jeonghan ကိုမရိုင်းနဲ့ သူကမင်းအတွက်ပြောပေးနေတာလေ"

"ဟုတ်တယ်လေကွာ"

Jihoon ကပါ ဝင်ပြောပေးသည်။

Seungkwan ထိုင်နေတဲ့ခုံပေါ်ကနေထလာလိုက်ပြီး သန့်စင်ခန်းဆီသို့ဉီးတည်လိုက်သည်။

သူတို့လေးယောက်က အတန်းတွေပြီးလို့
စုမိနေတာဖြစ်သည်။ Seungkwan စိတ်အလို
မကျတာတွေ ဒေါသထွက်တာတွေ အခုတလောများလာသည်။

သူအဲလိုဖြစ်နေတာ နှစ်ပတ်လောက်ရှိပြီ ဖြစ်ပြီး ဘာလို့ဖြစ်နေမှန်း သူ့ကိုယ်သူပင် မသိချေ။

Seungkwan သန့်စင်ခန်းထဲကိုဝင်လိုက်ပြီး
လော့ချလိုက်သည်။
သူတစ်ယောက်တည်းခဏလောက်နေချင်သည်။
သူဘာလို့အဲလိုတွေလုပ်နေမှန်းမသိတော့ဘူး။

သူဒီလိုဖြစ်နေတာက လူတစ်ယောက်နဲ့အိပ်မိပြီး နှစ်ပတ်လောက်အကြာမှစဖြစ်လာတာ။
လူတစ်ယောက် နာမည်က ဘယ်သူပါလိမ့်
Hansoon...?လား Hansoo...? လား
အာ..ချီးပဲ ဘယ်သူနေနေ သူဂရုမစိုက်ပေါင်။

Seungkwan အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အပြင်ထွက်ကာ သူ့သူငယ်ချင်းတွေရှိတဲ့စားပွဲဆီသွားလိုက်သည်။
ဟိုသုံးယောက်ကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့ကိုတောက်တောက်ပပပြုံးပြနေကြလေရဲ့။

"ငါတောင်းပန်ပါတယ် ငါကိုယ်တိုင်တောင်ဘာဖြစ်နေမှန်းမသိဘူး"
သူတောင်းပန်လိုက်တော့ Jihoon က သူ့ကျောကိုပုတ်ပေးပြီးပြုံးပြသည်။

"ရပါတယ် Kwannieရဲ့ " Jeonghan က အပြုံးလေးနဲ့ပြောသည်။

"အင်း ok ပါတယ် ။ ငါနည်းနည်းတောင်လန့်သွားတယ်။ မင်းက ကိုယ်ဝန်သည်တွေလိုမျိုး
လုပ်နေလို့လေ။ ငါဆိုလိုတာက မနေ့ညက
မင်းငါ့ကိုစာပို့တယ်လေ။ ငါတို့မှာ ဆားစိမ်ထားတဲ့တစ်ခုခုများမရှိဘူးလားဆိုပြီး။ မင်းကအဲလိုဟာတွေမကြိုက်ဘူးမို့လား"

Dokyeom ပြောလိုက်တော့ ကျန်တဲ့နှစ်ယောက်က ရယ်သည်။ Seungkwan ကတော့မရယ်နိုင်တော့။

သူ ကလေးရှိနေတာမဟုတ်ဘူး။ ယောကျာ်း လေး ကဘယ်လိုလုပ် အဲလိုလုပ်နိုင်မှာလဲ။
ဒါပေမယ့်သူအရင်ကတော့နည်းနည်းကြားဖူး
သလိုပဲ။

သူ သူငယ်ချင်းတွေနဲ့သာ ရောယောင်ပြီးရယ်နေလိုက်သည်။
စိတ်ထဲမှာတော့ ယောက်ယက်ခတ်နေပြီ။
ဖြစ်နိုင်တာကတော့ သူလွန်ခဲ့တဲ့ တစ်လလောက်က လူတစ်ယောက်နဲ့အိပ်မိပြီး နောက်ထပ်ဘယ်သူနဲ့မှ ထပ်မဖြစ်သေးဘူးဆိုတာပဲ။

ချီးပဲ....ဒါကြီးကဖြစ်နိုင်လို့လား?
သူတစ်ယောက်တည်းသူ့ဘာသာတွေးမိနေသည်။
ကျန်တဲ့သုံးယောက်ကတော့ စကားပြောလိုက်
ရယ်လိုက်နှင့်ပင်။

သူတို့လေးယောက်ငွေရှင်းလိုက်ပြီးတော့
ကိုယ့်အစီအစဉ်နှင့်ကိုယ် အိမ်ပြန်ကြသည်။
Seungkwan ကတော့ အိမ်ပြန်ရင်းနဲ့ store ဆိုင် တစ်ခုကိုဝင်ပြီးတော့ ဆီးစစ်တံတစ်ခုကို
ဝယ်လိုက်သည်။

"မင်းကောင်မလေး ကလေးရသွားမှာကို စိုးရိမ်နေတယ်ပေါ့"
ငွေရှင်းကောင်တာကလူကမေးလိုက်တော့
နာမည်ကိုဖတ်ကြည့်လိုက်မိသည်။

"Junhwi " တဲ့ ။ သူကပြုံးပြုံးကြီးမေးနေတာဖြစ်သည်။

"အင်း....အဲလိုပုံစံမျိုးပါပဲ"
Seungkwan စိုးရိမ်နေတဲ့လေသံနဲ့ ပြောလိုက်ပြီး Junhwi ကိုငွေပေးချေကာ storeဆိုင်မှထွက်ခဲ့လိုက်သည်။

"ဒါက ပုံမှန်ပါပဲ" Junhwi ပြန်ထွက်သွားတဲ့ကောင်လေးကိုကြည့်ကာ သက်ပြင်းချရင်း
ပြောလိုက်သည်။

Seungkwan အိမ်ပြန်ရောက်ရောက်ချင်းပဲ
ဝယ်လာတဲ့ဟာကို အသုံးချလိုက်သည်။
သူရေချိုးခန်းကြမ်းပြင်ပေါ်ကိုထိုင်ချရင်း
ရလဒ်ကိုစောင့်နေမိသည်။
သူ့မှာကလေးရှိခဲ့သည်ဖြစ်စေ မရှိခဲ့သည်ဖြစ်စေ ဘယ်လိုလုပ်ရမလဲဆိုတာဆုံးဖြတ်ရမှာပဲ။

အချိန်တစ်ခုကြာပြီးတော့ သူအသက်ပြင်းပြင်းရှူလိုက်သည်။
ပြီးတော့ ရလဒ်ကိုကြည့်လိုက်၏။

"Oh fuck....."

screen ပေါ်မှာ မျဉ်းနီနှစ်ကြောင်းကိုမြင်တော့
Seungkwan ပါးစပ်က ထိုစကားလုံးများသာ
ထွက်လာတော့လေသည်။

verkwan လေး ရေးလိုက်ပါပြီ

ဤ fiction မှာပါဝင်သမျှတွေသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်ပါသည်။

BabyWhere stories live. Discover now