"ကိုယ် မင်းကို ကိုယ့်ရဲ့အပိုင်ဖြစ်စေချင်တယ်" အဲဒီစကားက ဒီရက်ပိုင်းSeungkwan
ရဲ့ခေါင်းထဲမှာ တဝဲလည်လည်နဲ့။သူအခုHansolပြန်လာတာကိုစောင့်နေတာ။
တံခါးဖွင့်သံကိုကြားလိုက်ရတာနဲ့ သူမျက်လုံးတွေကိုပိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။
သူ Hansol ကိုရှောင်လိုက်တာနဲ့ Hansol အပေါ်မှာထားတဲ့သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်လိုက်နိုင်မည်ဖြစ်၏။
Hansol Seungkwanရဲ့အခန်းဆီလျှောက်လာလိုက်တော့ အိပ်နေတာကိုမြင်လိုက်ရသည်။
သူ ဖွဖွလေးပြုံးလိုက်မိပြီး ဧည့်ခန်းဆီသို့ပြန်လာလိုက်ကာ homeworkလုပ်ဖို့ပြင်လိုက်သည်။သူအဲနေ့ကပြောလိုက်တာနည်းနည်းများသွားသလားမသိဘူး။
ထုတ်ပြီးမေးလိုက်ချင်ပေမယ့်မေးလည်းမမေးရဲပေ။သူက ကောင်လေးနဲ့ကလေးကိုသဘောကျပြီးချစ်ကြောင်းပြောချင်တာပေမယ့် ကောင်လေးက သူ့ကိုဘယ်လိုတွေးနေသလဲမသိပါ။
အထင်တွေလွဲနေတာများလား။
သူတကယ်ကို ထိုသားအဖနှစ်ယောက်ကိုချစ်ပါသည်။
ဒါကတော့အမှန်တရားပေါ့။Hansolအခန်းထဲကပြန်ထွက်သွားတဲ့အသံကြားမှ Seungkwan ထပြီးထိုင်လိုက်သည်။
ဘာကိုမှအာရုံမစိုက်နိုင်တဲ့အတွက် Seungkwan သူ့ကိုယ်သူလည်း မုန်းမိသည်။သူတွေးနေမိတာကတစ်ခုတည်းပဲ။
အဲတာက သူ့နှုတ်ခမ်းတွေေပေါ်မှာရှိနေတဲ့ Hansolရဲ့ အနမ်းတွေရယ် စကားလုံးလှလှတွေရယ်ကိုပဲ။
သူ သက်ပြင်းတစ်ခုကို ပြင်းပြင်းထန်ထန်ချလိုက်မိသည်။သူ သက်ပြင်းချတာကျယ်လို့ထင်ပါရဲ့။
Hansolက သူ့အခန်းထဲကို ဝင်လာလေသည်။
တကယ်တော့ Seungkwanအိပ်ချင်ယောင်ဆောင်နေတာကို Hansolရိပ်မိပါသည်။ဘာလို့အဲလိုလုပ်သလဲဆိုတာကိုမသိတာကြောင့် နည်းနည်းတော့ဝမ်းနည်းမိသား။
"မင်း အဆင်ပြေရဲ့လား"
Hansolမေးလိုက်တော့ Seungkwan ခေါင်း
ငြိမ့်ပြလိုက်သည်။"ok ကိုယ် တစ်ခုလောက်မေးလို့ရမလား"
Hansolက မျက်လုံးတောက်တောက်လေးတွေနဲ့မေးလာတော့Seungkwanခေါင်းငြိမ့်ပြလိုက်သည်။

YOU ARE READING
Baby
FanfictionSeungkwan တစ်ယောက်တည်း လုပ်နိုင်တယ် သူတစ်ယောက်တည်းအခက်အခဲမှန်သမျှကို ရင်ဆိုင်နိုင်တယ် သူအကူအညီမလိုချင်ဘူး ကလေးရဲ့တခြားအဖေဆီကနေပေါ့ ဒါပေမယ့် အဲတာကထင်သလောက် မရိုးရှင်းဘူးဆိုတာကို သူအလျင်အမြန်ပဲနားလည်လိုက်ပါရဲ့